Part (2)

11 2 0
                                    

"ဦးညဏ် ရန်ကုန်မှာဆေးခန်းဖွင့်ဘယ်လောက်ကြာပြီလဲ" ပွင့်ဖြူစကားမရှိစကားရှာမေးလိုက်ရာ

"အင်းးးသိပ်တော့မကြာသေးဖူး ပွင့်ဖြူရဲ့ ခြောက်လလောက်ပဲရှိသေးတယ် "

"အော် ဒါဆိုလူသိနည်းနေအုံးမှာပေါ့ ဆေးခန်းအသစ်ဆိုတော့ အစစအရာရာ အခက်ခဲတော့ရှိမှာပဲနော်"

"သိပ်တော့အခက်မတွေ့ပါဖူးပွင့်ဖြူရဲ့ ပတ်ဝန်းကျင်ကလည်းသန့် ၊ အခုဆိုအသိမိတ်ဆွေတွေရှိပြီးသားဆိုတော့ အဆင်ပြေတယ်ပဲ ဆိုရမှာပေါ့ကွယ်
ဒါနဲ့ပွင့်ဖြူကရော ကျောင်းပြီးတာကြာပြီလား ဘာဆက်လုပ်ဖို့စိတ်ကူးထားလည်း"

"ပွင့်ဖြူကတော့ စီးပွါးရေးနဲ့ကျောင်းပြီးတာဆိုတော့ စီးပွါးရေးလုပ်ဖို့စဉ်းစားနေတာ ပွင့်ဖြူက ကိုယ်ပိုင်brand တစ်ခုထုတ်ချင်တာ အဲ့တော့ သက်ဆိုင်မဲ့လိုအပ်မယ်ထင်တဲ့ ပညာတွေအခုစုနေတာလို့တော့ပြောလို့းတာပေါ့ "

"ပွင့်ဖြူပုံကြည့်ရတာ ထက်မြက်မဲ့မိန်းကလေးမျိုးဆိုတော့ အောင်မြင်မှာသေချာပါတယ် ကိုကတော့အားပေးတယ် "

"အော်   ဦးညဏ်နက်ဖန်ဆေးခန်းဖွင့်ပါတယ်နော်"

"ဆေးခန်းက ကြာသပတေးကလွဲရင် နေ့တိုင်းဖွင့်တယ်လေ ပွင့်ဖြူရဲ့ ဘာဖြစ်လို့လဲ "

"ပွင့်ဖြူလာမလို့ပါ "

"ဟင် ပင်ပီ မသက်သာသေးဘူးလား"

"မဟုတ်ပါဖူး ဒီလိုပဲ သူငယ်ချင်းတစ်ယောက်ကဆေးဆိုင်ဖွင့်ချင်တယ်ဆိုတော့ ဆေးဆိုင်ဖွင့်ရင်ဘာတွေများလိုအပ်မလဲလို့ လာလေ့လာချင်လို့ပါ
ဦးညဏ်အနှောက်ယှက်ဖြစ်ရင်လဲ ပွင့်ဖြူမလာတော့ပါဖူး "

"အာ မဟုတ်တာ ပွင့်ဖြူကလဲ လာလေ့လာပါရပါတယ် ဦးညဏ်လည်း အားရင် ဝိုင်းပြောပြရှင်းပြမှာပါ့"
ညဏ်စစ်သွေးက ထိုသို့ပြောသဖြင့် ပွင့်ဖြူတစ်ယောက်ကြိတ်ကျေနပ်သွား၏။
ထိုသို့နှစ်ယောက်သားစကားကောင်းနေစဉ်

"သမီး...........လာအုံး" ဟု မလှမ်းမကမ်းမှရပ်ကြည့်နေသော မိခင်ဒေါ်မိမိခင်က မျက်နှာသေဖြင့် ခေါ်လိုက်ရာ မိခင်အကြောင်းသိထား​သော ပွင့်ဖြူမှာ ကြောက်ကြောက်လန့်လန့်ဖြင့် မိခင်ဆီရောက်လာ၏။

The SunsetKde žijí příběhy. Začni objevovat