Part (4) (ဇာတ်သိမ်း)

8 1 0
                                    

" ပွင့်ဖြူ သွားတော့မယ်နော် ဦးညဏ်ကားကိုဂရုစိုက်မောင်းပြီးပြန်နော် တာ့တာ" ဟုဆိုကာကားပေါ်မှဆင်းရန်ပွင့်ဖြူကားပေါ်မှဆင်းရန်ပြင်စဉ်
ညဏ်စစ်သွေးက ရုတ်တရတ် ပွင့်ဖြူမျက်နှာရှေ့သို့နီးကပ်စွာမျက်နှာချင်းဆိုင်လိုက်သောကြောင့် ပွင့်ဖြူရင်ခုန်သံမြန်သွား၏။
" ဂျလက်!
ရပြီပွင့်ဖြူ
ကိုခါးပတ်ဖြုတ်ပေးတာ" ဟုပြောလိုက်မှအရှက်ပြေသွားသည်။
ထိုစဉ် ကားတံခါးဖွင့်ကာလှမ်းလိုက်သည့် ပွင့်ဖြူလက်ကလေးကိုရုတ်တရတ် လှမ်းဆွဲလိုက်ကာ
" ပွင့်ဖြူ ကို့ကိုချစ်တယ်မလား " ဟုမေးလိုက်ရာ ပွင့်ဖြူက ခေါင်းလေးညိတ်ကာ ရှက်ရှက်နှင့် ကားပေါ်မှပြေးဆင်းသွားသည်။
...*....*.....

" တစ်နေကုန်ဘယ်သွားနေတာလဲသမီး " ဟုအိမ်ပေါက်ဝဧည့်ခန်းတွင်း ထိုင်စောင့်နေသော ဒေါ်မိမိခင်ကမေးလိုက်သဖြင့် ပွင့်ဖြူတစ်ယောက်အပျော်တွေ ပျောက်ကာ ပြုံးနေရာမှ တည်သွားသည်။

" သ ..သမီးမွေ့နေ့မို့ ဟို သူငယ်ချင်းတွေနဲ့ဘုရားသွားပြီးမုန့်လိုက်ကျွေးနေတာပါမေမေ " ဟု မလိမ်တတ်လိမ်တတ်ဖြင့် အထစ်ထစ်အငေါ့ငေါ့ဖြေလိုက်ရာ

" ပွင့်ဖြူ ညည်းကငါ့သမီးပါ ညည်းလိမ်တယ်မလိမ်ဘူးငါသိတယ် ညည်းသူငယ်ချင်းတွေအားလုံးကို ဖုန်းဆတ်မေးပြီးပြီ ဘယ်သူ့မှညည်းနဲ့လိုက်မသွားဖူးတဲ့ ကဲမှန်မှန်ဖြေ ညည်းဘယ်သူနဲ့ဘယ်တွေသွားတာလဲပြော " ဟုဒေါ်မိမိခင်က ထိုင်ရာမှထကာ ပွင့်ဖြူရှေ့သို့ခါးထောက် ကာမေးလိုက်လေသည်။

" သမီး ဦးညဏ်နဲ့ဘုရားသွားခဲ့တာပါမေမေ "

" ဦးညဏ်ဆိုတာဘယ်သူလဲ ဟိုတလောက ပါတီမှာတွေ့တဲ့ ဆရာဝန်ကောင်လေးလား ညည်းနဲ့သူနဲ့ကဘာတွေလည်း ငါ့ကိုမှန်မှန်ဖြေစမ်း "

" ဦး ဦးညဏ်က သမီးကိုချစ်ခွင့်ပန်ထားတာပါ "

" ဒါဆို ညည်းကအဖြေမပေးရသေးဖူးပေါ့ ညည်းသဘောကရောဘယ်လိုလဲ "

ပွင့်ဖြူကြောက်ကြောက်လန့်လန့်ဖြင့် ဘာဖြေရမှန်းမသိသောကြောင့် ခေါင်းကိုသာငုတ်လျက် နှုတ်ဆိတ်နေလေသည်။

" ညည်းကမီးပုံထဲသိပ်ကိုတိုးချင်နေပါလား ဟမ်
ငါကတော့ဘယ်နည်းနဲ့မှညည်းတို့ကိုသဘောမတူနိုင်ဘူး နောက်လ UKမှာ ကျောင်းဆတ်တတ်ဖို့ စီစဉ်တော့ " ဟုပြောဆိုကာ ထွက်သွား၏။

You've reached the end of published parts.

⏰ Last updated: Jul 06, 2020 ⏰

Add this story to your Library to get notified about new parts!

The SunsetWhere stories live. Discover now