[Zawgyi]
ကောင်းမြတ်ဟိန်းတစ်ယောက် မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့အငယ်နဲ့ ဘေးကလူငယ်လေးကို မမှိတ်မသုန် စိုက်ကြည့်နေမိသည်။ အငယ်က တွေ့ကြမယ်ပြောတော့ နှစ်ယောက်ထဲတွေ့ကြမယ်လို့ ထင်ထားပေမယ့် ထိုသို့မဟုတ်ခဲ့ပဲ အငယ်နဲ့အတူ လူပိုပါလာခဲ့သည်။
ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ ချိန်းထားတာကြောင့် ကောင်းမြတ်ဟိန်း ထိုင်စောင့်နေတုန်း အငယ်နဲ့ထိုကောင်လေးက ဆိုင်အပြင်ကနေ ဝင်လာကတည်းက ပြုံးပြုံးရယ်ရယ်လေး ရှိနေကြပေမယ့် ကောင်းမြတ်ဟိန်းကိုတွေ့သည်နှင့် တည်တည်တံ့တံ့ ဖြစ်သွားကြတာကြောင့် အခြေအနေတစ်ခုကို ရိပ်မိလာသည်။ မျက်နှာချင်းဆိုင် ထိုင်ပြီးသည့်တိုင်အောင် စကားမပြောဖြစ်ကြသေးတာမလို့ ကောင်းမြတ်ဟိန်းကနေပဲ စကားစလိုက်သည်။
" မတွေ့ဖြစ်တာတောင် တော်တော်ကြာပြီနော် အငယ် . အလုပ်တွေပင်ပန်းလို့ထင်တယ် ပိန်သွားတယ် ... အငယ်က တွေ့ကြမယ်ဆိုလို့ ကိုယ်က date ထင်နေတာ "
မျက်စိရှေ့မှာ ခပ်တည်တည်ထိုင်နေတဲ့ မျက်ဝန်းညိုတွေပိုင်ဆိုင်တဲ့လူက ကောင်းမြတ်ဟိန်းစကားကြောင့် မျက်ခုံးတွေ စုကျုံ့သွားတာကို မြင်ဖြစ်အောင်မြင်လိုက်ရသည်။ အငယ်ကတော့ ဘာမှမပြောသေးပေမယ့် သူ့ကိုကြည့်လိုက် ဘေးကတစ်ယောက်ကို ကြည့်နေလိုက်နဲ့ ဗျာများနေပုံရသည်။ ဘယ်လိုပဲဖြစ်နေဖြစ်နေ အနည်းဆုံးတော့ ကောင်းမြတ်ဟိန်းက ပိုင်ဆိုင်ကြောင်း ပြချင်ပါသေးသည်။
" အင်း မတွေ့တာကြာလို့နေမှာပါ အစ်ကို . မပိန်ဘူးရယ် . အာ ... မိတ်ဆက်ပေးဖို့ မေ့နေတာ ... ဒါကလေ Danielကောင်းတဲ့ . ကျွန်တော် guide လုပ်ပေးခဲ့တဲ့ ဧည့်သည် ~ ပြီတော့ Dany ~ ဒီက အစ်ကိုက ... "
" အော် ဟုတ်ကဲ့ ညီ . ကိုယ်က ကောင်းမြတ်ဟိန်းပါ ... အငယ့်ချစ်သူ "
အငယ့်စကားမဆုံးခင် ကောင်းမြတ်ဟိန်းက ဖြတ်ပြောလိုက်ကာ မျက်နှာချင်းဆိုင်က Daniel ကို လက်ကမ်းပေးလိုက်တော့ လက်ကမ်းပေးမလာပဲ မျက်မှောင်သာကျုံ့နေသည်။
" အဟမ်း ! ကိုယ့်ညီက လူတွေနဲ့ ရင်းရင်းနှီးနှီးနေရတာ သဘောမကျဘူးထင်တယ် "
YOU ARE READING
Love Me Like The Way [Completed]
RomanceDo you love me like the way I love you baby ?