Extra-Marriage Life (10)

9.5K 933 69
                                    

[Zawgyi]

" နဖူးက ဒဏ်ရာအရှိန်ကြောင့်ရော ဆေးအရှိန်ကြောင့်ပါပေါင်းပြီး မေ့လဲသွားတာပါ ... ဆေးလည်းမိထားတော့ သူတော်တော်တောင့်ခံထားပုံရတယ် . ခုတော့ ဆေးထိုးပေးခဲ့တယ် . ကောင်းကောင်းနားပါစေ ... ညလယ်လောက်ကျရင်တော့ ဆေးကြောင့်ရော ဒဏ်ရာရှိန်ကြောင့်ပါ ချွေးစေးတွေအရမ်းထွက်ပြီး ဖျားနိုင်တာမလို့ ရေစိုအဝတ်လေးနဲ့ဖြစ်ဖြစ်လုပ်ပေးပြီး အဝတ်အစားလဲပေးပါ "

" ဟုတ်ကဲ့ . ကျေးဇူးတင်ပါတယ်နော် Dr. ညကြီးမင်းကြီးခေါ်လိုက်ရလို့ အားနာပါတယ် "

" ရပါတယ် . ကျွန်တော့်ကို အားမနာပါနဲ့ ... ဒါဆိုကျွန်တော့်ကိုခွင့်ပြုပါဦး ... ဆေးလည်း ပုံမှန်တိုက်ပေးပါနော် ... အနာရွတ်မကျန်ခဲ့အောင် ဒဏ်ရာကို သေချာသန့်ရှင်းပေးဖို့တော့ လိုမယ်နော် ... ပြီးတော့ လိုက်လဲမပို့ပေးပါနဲ့တော့ . ကျွန်တော့်ဘာသာပဲ ပြန်လိုက်ပါ့မယ် ... ခွင့်ပြုပါဦး "

" ဟုတ်ကဲ့ ကျေးဇူးပါ "

စစ်မင်းက ဒေါက်တာ့ကို ကျေးဇူးတင်စကားပြောလိုက်ပြီး ကုတင်ပေါ်မှာ အသက်ရှူသံမှန်မှန်နဲ့ အိပ်မောကျနေတဲ့ Daniel လေးကို ကြည့်နေသည်။ အခန်းထဲကနေ ဒေါက်တာပြန်သွားတော့ စစ်မင်းက Daniel ဘေးနားကို လျှောက်သွားလိုက်ရင်း ကုတင်ပေါ်မှာ တင်ပါးလွဲဝင်ထိုင်လိုက်သည်။

ရင်ဘတ်ပေါ်တင်ထားတဲ့ လက်လေးတစ်ဖက်ကို ဆွဲယူလိုက်ရင်း သွေးစို့ကာ တစ်ချို့နေရာလေးတွေမှာ ပေါက်ပြဲနေတဲ့ လက်ဆစ်လေးတွေကို တဖွဖွငုံ့နမ်းနေမိသည်။ နမ်းနေရင်း မျက်ရည်တွေကလည်း ထိန်းလို့မရ။ ဆရာဝန်က ဒဏ်ရာတွေကို သန့်ရှင်းပေးသွားပြီး ဆေးထည့်ပေးသွားတာကြောင့် နဖူးနဲ့ မျက်ခုံးထောင့်လေးမှာ ပတ်တီးတွေ၊ ပလာစတာတွေနဲ့ Daniel က ဖြူဖျော့နေသေးသည်။

" ကိုကို့ကို ဒီလောက်ထိချစ်ပေးလို့ ကလေးလေးကို သိပ်ချစ်တာပဲ "

ဒီအချိန်မှာ Daniel မကြားနိုင်မှန်းသိပေမယ့် စစ်မင်းတဖွဖွပြောနေမိသည်။ ငြိမ်ငြိမ်လေးအိပ်မောကျနေတာကြောင့် Daniel ရဲ့ မျက်ဝန်းညိုလေးတွေကို မမြင်ရ။ ပါးချိုင့်နက်လေးရှိနေတဲ့ ဘယ်ဘက်ပါးပြင်လေးကလည်း အရယ်အပြုံးမရှိတာကြောင့် အချိုင့်ရေးရေးလေးသာ ထင်နေသည်။ ပတ်တီးဖြူဖြူပေါ်က လှိုင်းတွန့်ဆံပင်လေးတွေကို ဖြည်းဖြည်းချင်းပွတ်သပ်ပေးရင်း Daniel ရဲ့ မျက်နှာပေါ်ကနေ စစ်မင်းအကြည့်မလွှဲမိ။ ကိုင်ထားတဲ့ Daniel ရဲ့ လက်ဖြူဖြူလေးကိုပဲ စစ်မင်းတဖွဖွနမ်းရင်း အိပ်လဲမအိပ်နိုင်။ အလုပ်ကနေ ပြန်လာကတည်းက အိပ်နေတာမလို့ ဘာမှမစားရသေးပေမယ့် အခုအခြေအနေနဲ့ ဘာမှစားနိုင်မှာမဟုတ်တာကြောင့် Daniel ရဲ့ နားမှာပဲ ထိုင်နေလိုက်သည်။

Love Me Like The Way [Completed]Dove le storie prendono vita. Scoprilo ora