Wedding Day

14K 1.1K 40
                                    

[Zawgyi]

ကောင်းကင်က ပြာလဲ့နေသည်။ နေရောင်တြွေဖာဆင်းကာ တောက်ပနေသည့် နေ့ရက်လေးက အနှိုင်းမဲ့လှပလွန်းနေသည်။

တစ်နေရာရာဆီကနေ ကြားနေရသည့် ခေါင်းလောင်းထိုးသံသဲ့သဲ့ကို နားထောင်ရင်း Daniel ပြုံးမိသည်။ ဘယ်ဘက်ပါးပြင်က ပါးချိုင့်လေးကတော့ ခွက်နေတော့မှာပဲ။ တစ်ဦးတည်းသော အရှင်သခင်လေးသာ မြင်ရင်တော့ Daniel ရဲ့ ပါးကို လက်ညှိုးသွယ်သွယ်လေးနဲ့ လာထိတွေ့နေတော့မှာ အသေအချာပါပဲ။

တစ်ကိုယ်တည်းပြုံးနေရင်း ခြေလှမ်းကြဲတွေနဲ့ လှေကားထစ်တွေကို ဖြတ်ကျော်ကာ လိုရာကိုဦးတည်သည်။ ဒီနေ့က Daniel ရဲ့ တစ်ဦးတည်းသော ရှင်ဘုရင်လေးကို တရားဝင်ပိုင်ဆိုင်ရမည့် နေ့ရက်ကလေးဖြစ်သည်။

စေ့ပိတ်ထားသည့် အခန်းရှေ့ကိုရောက်တော့ Daniel အသက်ကိုဝဝရှူကာ လေပူတွေကိုမှုတ်ထုတ်လိုက်သည်။ သည်အခန်းတံခါးကို ဖွင့်လှပ်လိုက်လျှင် မြင်တွေ့ရမယ့် နှလုံးသည်းပွတ်လေးကို အနမ်းတွေပေးပြီး ပွေ့ဖက်ပစ်ချင်လှပြီ။ 

" Baby ~ "

အခန်းတံခါးကို အသာဟကာ ခေါင်းလေးပြူဝင်ပြီး အသံပြုလိုက်တော့ တံခါးဝကို နောက်ကျောပေးလို့ ထိုင်နေရာကနေ Daniel ကို လှည့်ကြည့်လာသည့် baby က မျက်ရည်စလေးတွေနဲ့။

" ကလေးလေး ... "

စိတ်လှုပ်ရှားလွန်းတာကြောင့် လက်နှစ်ဖက်ကို အချင်းချင်းဆုပ်နယ်နေတုန်း တံခါးဖွင့်သံခပ်တိုးတိုးနှင့် Daniel ရဲ့ အသံကို ကြားလိုက်ရတာတဲ့ စစ်မင်းက ကူကယ်ရာရသွားသလိုပင်။

" ကိုကို့ကလေးလေး ... "

" အင့် ... baby ~ "

Daniel ကို မြင်တော့ ထိုင်နေရာကနေထလာကာ ခေါင်းဝင်ရုံလေးသာ ဟထားသည့် တံခါးကိုဆွဲဖွင့်ရင်း Daniel ကို ပြေးဖက်လာသည်။ အရှိန်နဲ့ဖက်လိုက်တာကြောင့် အဖက်ခံလိုက်ရသည့် Daniel မှာ အင့်ခနဲပင် အသံထွက်သွားသည်။

"  Dany ... အဟင့် ~ ကလေးလေး "

" Baby ~ ဘာဖြစ်လို့လဲဟင် ... ဘာလို့လဲ ... ဘာဖြစ်တာလဲ ကိုယ့်ကိုပြော ... မငိုရဘူးလေကွာ ... baby ရယ် . နော် ~ မငိုပါနဲ့ "

Love Me Like The Way [Completed]Where stories live. Discover now