Season - 2 _Episode (23)

603 38 0
                                    


သန်းခေါင်ယံ ချစ်သူ

Season – 2 _Episode (23)


နွေဦးသည် မထင်မှတ်ပဲ ကိုသူရ၏အကူညီကို ရလိုက်သဖြင့် အားတက်သွားခဲ့သည်။ ကိုသူရ၏မှော်စွမ်းရည် ဒီလောက်ထိ တိုးတက်လာ သည်ကိုလည်း အံ့အားသင့်မိသည်။ ကြည့်ရတာ ကိုသူရ၏ကိုယ်ထဲမှ မှော်စွမ်းအင်ဗီဇက ရေခံ မြေခံကောင်း၊ ဆရာကောင်းနှင့် တွေ့သဖြင့် ပွင့်လန်းလာပုံရသည်။ မိမိကို အင်္ဂလိပ်စာသင်ပေးခဲ့သည့် အကိုတယောက်အနေဖြင့် အကို၏စွမ်းရည် တိုးတက်လာခြင်းကို တကယ်ဝမ်းသာ မိသည်။ ဒါ့အပြင် ကဝေကြီးနှင့် ပတ်သတ်ပြီး အကိုနားလည်းပေးသည့် အချက်ကိုလည်း လေးစားမိသည် ။

"အကိုက စိတ်အား ၊ လူအားကြံ့ခိုင်ပြီး နှလုံးသားကြီးတဲ့သူပါ ။ အကိုက ကျွန်တော့်အတွက် စံပြ လူသားတယောက်ပါ"

နွေဦးအိပ်မပျော်ခင်လေး အကိုနှင့် ပတ်သတ်တာ တီးတိုးလေးရေရွက်လိုက်ပြီး သက်ပြင်းချကာ အိပ်စက်ခြင်းလောကထဲ တိုးဝင်သွားခဲ့သည်။

"ဟေး ... အိပ်ငိုက်နေပြီလား ... ကိုယ်ခုနက သင်ထားတာဘာလဲ ပြန်ပြောစမ်း "

အကို့အသံကိုကြားသဖြင့် မှေ့းခနဲဖြစ်သွားရာမှ နွေဦးဆတ်ခနဲ သတိဝင်လာသည် ။ အကို ဘယ်လိုလုပ်ပြီး မိမိအိပ်ဆောင်ထဲ ရောက်နေ သလဲဟု တွေးကာ မျက်လုံးဖွင့်ကြည့်လိုက်တော့ ...နွေဦးဘယ်တော့ပှ မမေ့နိုင်သော၊ အိမ်မက်က်တိုင်းအမြဲ တွေ့လေ့ရှိသော စာသင်ခန်းလေး ။

'Green House' ဆိုသည့် အမည်နှင့်လိုက်ဖက်စွာပင် အကို့စာသင်ခန်း နံရံအားလုံး အစိမ်းနုရောင်သုတ်ထားပြီး အမြဲစိမ်းသစ်တောထဲ ရောက်သွားသလို ခံစားချက် ပေးတတ်သည့် စာသင်ခန်း ။ အကို့ ဂရုစိုက်မှုနှင့် ချစ်ခြင်းမေတ္တာ ၊ ဥာဏ်ပညာတို့ လွှမ်းခြုံနေသည် ။ နွေဦးအတွက် အလင်းရောင်ကိုခံစားရအောင် လုပ်ပေးနိုင်သည့် အကို့စာသင်ခန်း ။

စာသင်ခန်းထဲ အကိုကထိုင်နေပြီး မိမိကို English gramma တခုကိုသင်ပေးနေသည် ။ ထိုအရာနှင့် ဆက်နွယ်ပြီး စကားစပ်သွားပြီး Ethics နှင့် ပတ်သတ်တာရှင်းပြနေသည့် အချိန်ကို ပြန်သတိရလာသည် ။ မမေ့နိုင်ပါ ။ အကို့သင်ခန်းစာတိုင်း ၊ အကို့စကားလုံးတိုင်းကို အလိုလျောက် ခေါင်းထဲစွဲအောင် မှတ်မိနေတာက နွေဦး၏ မှတ်ဥာဏ်ကြောင့်ပဲလား ၊ အလေးထားလွန်းတဲ့စိတ်ကြောင့်လေပဲလား ။

သန်းခေါင်ယံချစ်သူ Season (2)Donde viven las historias. Descúbrelo ahora