သန်းခေါင်ယံချစ်သူ Season _2 - Episode (25)

2.7K 91 25
                                    

သန်းခေါင်ယံချစ်သူ Season _2 - Episode (25)

သူရသည် နွေဦး အရမ်းစိတ်ပူနေမည်ကို စိုးသောကြောင့် တော်သင့်ရုံသာပြောပြီး ပြန်လွှတ်လိုက်သည်။ နွေဦးသည် ကဝေကြီးကို ကူညီရာမှာ မိမိက တဖက်တလမ်းမှ ပါဝင်ကူညီချင်ပေမယ့် မည်သည့်မှော်ပညာမှ မတတ်သည့်အပြင် ငယ်ကြောက်ဖြစ်သည့် ကိုသူရ၏နှုတ်ထွက်စကားကို တိုက်ရိုက်မပယ်ရှားဝံ့သူပီပီ အခန်းကို တိတ်တဆိတ်ပြန်လာပြီး အိပ်ယာပေါ်တွင် လူးလှိမ့်ကာ ပူပန်နေသည့်စိတ်ကို ငြိမ်းအောင် တစ်ယောက်တည်း ရေရွတ်ကာနေမိသည်။

"အကိုက ကတိပေးထားရင် ဖြစ်အောင်လုပ်တတ်တဲ့သူပါ။ ငါ အကို့ကို ယုံတယ်။ အကိုက ကဝေကြီးကို သေချာပေါက် ကူညီပေးမှာ သေချာတယ်။ စိတ်အေးအေးထား.."

မိမိဖာသာ နှစ်သိမ့်ပြီး အိပ်ပျော်အောင် ကြိုးစားလိုက်သည်။ တကယ်လည်း နွေဦးအတွက် အိပ်စက်ချိန်လိုအပ်နေလေပြီ။ ကဝေကြီး မဟာမြိုင်ကို မလာနိုင်သည့် နှစ်ပတ်တာကာလအတွင်း နွေဦး ဘယ်လိုမှ အိပ်မပျော်နိုင်သည့် နေ့ရက်များဖြစ်သည်။ ကဝေကြီးကိုကူညီဖို့ ဘာမှမတတ်နိုင်ပေမယ့် သူ နေကောင်းကျန်းမာမှ ကဝေကြီးမင်းသတိုးအတွက် အကူအညီရှာနိုင်မည်ဟု လက်တွေ့ကျကျဆုံးဖြတ်ကာ နွေဦး အိပ်ပျော်အောင်အိပ်လိုက်သည်။

သူရသည် နွေဦးကိုပြန်လွှတ်လိုက်ပြီးနောက် အစ်မတော်ရူပကလျာဏီနှင့် တိတ်တဆိတ်စကားပြောနေသည့် မှော်ဆရာအကြောင်းကို တွေးလိုက်မိစဉ် သူရ အေးစက်စွာပြုံးလိုက်သည်။ မှော်လောကမှာလည်း လူသားလောကလို လျင်သူစားစတမ်း၊ အာဏာနှင့်ပတ်သက်လာလျှင် ဆရာတူမောင်နှမရယ်ဆိုတဲ့ စိတ်ထားမရှိ၊ လုပ်ကြံသတ်ဖြတ်ဖို့ ဝန်မလေးသည်ကို သိရှိလိုက်စဉ် သူရ အေးစက်စက် ရယ်မောလိုက်မိသည်။

ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဘယ်လိုပြတ်သားရမည်၊ ရက်စက်ရမည်၊ လက်ဦးမှုရယူရမည် ဆိုတာ သူရ ကောင်းကောင်းနားလည်ထားသည်ကို ရူပကလျာဏီမသိသည့်အချက်က မိမိကို အားသာမှုဖြစ်စေလိမ့်မည်။ ရူပကလျာဏီနှင့် တဖက်မှော်ဆရာ ပြောသည့်စကားကို သေချာခွဲခြမ်းစိတ်ဖြာပြီးနောက် ဒီကိစ္စရဲ့တရားခံက မိမိ၏ဆရာ သုပညာ၏တပည့်ကြီး ရူပကလျာဏီ လက်ချက်ဖြစ်ကြောင်း သိထားပြီးဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Jul 04, 2020 ⏰

Add this story to your Library to get notified about new parts!

သန်းခေါင်ယံချစ်သူ Season (2)Where stories live. Discover now