EP 22 Zawgyi

1.5K 124 8
                                    

"ခွမ်း!"

"အဲ့ဒါအဲ့မိန်းမကြောင့် အဲ့ မုသားဖြူ ဆိုတဲ့ မိန်းမ
ကြောင့်ဖြစ်ရတာ သူ့ကြောင့် သူ ငါနဲ့ လင်းကြား
ရောက်လာကထဲက လင်း ကငါ့အပေါ်ဆို အေး
စက်နေရတာ အဲ့မိန်းမ ကြောင့်! "

TV တွင်ပေါ်လာသောမုသားဖြူ ရဲ့ ပုံရိပ်ကို မေစင်ယော် ဖန်ခွက်နဲ့ လှမ်းပေါက်ရင်း စိတ်ဆိုး မျက်ရည်ကျ
စွာပြောနေသည်။

"အဲ့မိန်းမကြောင့်လင်းငါ့ကိုမချစ်နိုင်တာအဲ့မိန်းမ.."

"ဒေါက်..ဒေါက်.."

ထိုစဉ်တံခါးခေါက်သံကြားလိုက်ရသည်။သူမအိမ်က
လူထင်၍..

"ဘာလဲထမင်းစားဖို့လား မစားချင်ဘူးလို့ပြောလိုက်"

"ငါပါ..လင်းပါ.."

လင်း ဆိုတဲ့အသံကြားတာနဲ့သူမတံခါးကိုပြေးဖွင့်လိုက်တော့ သူမကြိုက်သောမုန့်များလက်ထဲတွင်အပြ
ည့်ကိုင်ကာသူမကို မုန့်အိတ်အားမြှောက်ပြနေသည်။
သူမလည်း မုန့်ထုတ်အားစိတ်မဝင်စားဘဲလင်းအား
ဖက်လိုက်သည်။

မေစင်ယော်က လင်းကိုရုတ်တရက်ဖက်လိုက်ရင်း
ရင်ခွင်ထဲမှာသူမကိုယ်လေးတသိမ့်သိမ့်တုန်နေ
သောကြောင့်သူမငိုနေမှန်းလင်းသဘောပေါက်
လိုက်ကာ မုန့်ထုတ်ကိုဘေးချ၍သူမကျောပြင်ကိုပွတ်
သပ်ပေးကာနှစ်သိမ့်ပေးမိသည်။

"ငါတောင်းပန်ပါတယ်...စင်ယော်..ငါအော်မိသွား
ပါတယ်..မငိုတော့နဲ့နော်.."

"ဟင့်..လင်း..နင်..နင်ကလူဆိုးမ..ဟင့်.."

သူမကမငိုနဲ့ပြောကာချော့မှစင်ယော်ကပိုငိုလာ
တော့သည်။လင်းလည်းဘာလုပ်လို့ဘာကိုင်ရမှန်း
မသိစွာ..

"ငါတကယ်မရည်ရွယ်ပါဘူး..ငါမှားပါတယ်..နော်..
မငိုနဲ့နော်..."

ဟုဆိုကာသူမရင်ခွင်ထဲမှာငိုနေသော စင်ယော်ကို
သူမ နဲ့မျက်နာချင်းဆိုင်စေကာမျက်ရည်တွေကိုသုတ်
ရင်းချော့ပြောလိုက်တော့ စင်ယော်က ပြုံးလာကာ..

"ဒါမှ လင်း..လင်းကငါ့ကိုဂရုစိုက်တယ်.."

"ဟုတ်ပါပြီ..လာပါ အောက်ထပ်မှာရုပ်ရှင်ကြည့်ရင်း
မုန့်စားမယ်..ငါဒီမှာနင်ကြိုက်တဲ့မုန့်တွေအများကြီး
ဝယ်လာရတာ လာ.."

သူ့ကိုမှ..(completed)Where stories live. Discover now