EP 20 Uni

5.4K 218 2
                                    

အခန်းရဲ့ပြတင်းပေါက်ကနေတိုးဝှေ့ဝင်လာတဲ့မနက်
ခင်းနေရောင်ခြည်စူးစူးကြောင့်မုသားဖြူ တစ်ယောက်
လှုပ်လှုပ်ရွရွဖြစ်လာသည်။သူမခါးကိုတင်းကြပ်စွာ
ဖက်ထားတဲ့ အကောင်ပေါက်ကတော့ မနိုးသေးသူမ
လည်း ဘေးကနာရီကို ကြည့်လိုက်တော့ မနက် ၈နာရီ သူမက ဒီနေ့ ရိုက်ကွင်းမရှိလို့နားလို့ရပေမယ့်
ကလေးကတော့အလုပ်ရှိသည်လေ..သူမလည်း
မေလင်းခတ်စစ် ကိုနိုးရန်ပြင်လိုက်သည်။

"ကလေး...လင်း..ကလေးလေး ထ တော့လေ.."

"ဟင်...မ ကလည်း..ခနလေး ၅မိနစ်..၅မိနစ်ဘဲ"

"အလုပ်နောက်ကျမယ်လေကွာ..၈နာရီထိုးနေပြီ"

ဖြူ ထိုသို့ပြောလိုက်မှ အကောင်ပေါက်က မျက်လုံးများကျယ်လာကာ...

"ဟမ်!"

"အင်း အဲ့ဒါကြောင့်ထတော့လို့.."

"ဟုတ် မ ဒီနေ့ နိုင်​ငံခြား ဧည့်သည်တွေနဲ့ ၉နာရီ
  ခွဲစာချုပ် ချုပ် ဖို့ ချိန်းထားတာ မရဲ့.."

"ဒါဆိုရေမြန်မြန်ချိုးလိုက်နော်.."

မုသားဖြူ သူမပုခုံးလေးကိုရေချိုးခန်းရှိရာ တွန်းထုတ်
လိုက်တော့သူမက ချက်ချင်း မဝင်သေးဘဲ..

"Morning kiss ပေးဦးလေ.."

ဟုဆိုကာမျက်နာငယ်လေးနဲ့ရေချိုးခန်းအပေါက်ဝ
မှာခေါင်းလေးပြူ ထွက်ကာဆိုလေသည်။

"ဟွန်း..မျက်နာလည်းမသစ်ရသေးဘဲနဲ့"

"ဘာလဲ ညစ်ပတ်လို့ မနမ်းချင်ဘူးပေါ့ ဟုတ်လား"

"ကဲပါ..လာ အလုပ်နောက်ကျတော့မယ်"

မုသားဖြူ လည်းသူမ နှုတ်ခမ်း ကိုခပ်ဖွဖွလေး အနမ်း
ပေးလိုက်သည်။ ထိုအခါမှသူမလေးကပြုံးရယ်ကာ
ရေချိုးခန်း ထဲဝင်သွားတော့သည်။မုသားဖြူ  လည်း
သူမ အိမ်မှာရှိသော မုန့်များကိုရှာဖွေကာသူမကလေး
အတွက်မနက်စာ ပေါင်မုန့်ကြက်ဥကြော်အသားပြား
ကြော်နှင့် Coffee အသင့် ပြင်ထားလိုက်သည်။
လင်းရဲ့အိမ်တွင်အခန်းနှစ်ခန်းရှိတာမို့ရေချိုးခန်း
နှစ်ခန်းပါလေသည်။သူမလည်းတခြားအခန်းထဲမှ
ရေချိုးခန်းတွင်ရေချိူးလိုက်ကာသူမနဲ့တော်မယ့်
ကလေးရဲ့ အဝတ်တို့ကိုယူဝတ်လိုက်သည်။ကလေး
အခန်းထဲ ပြန်ဝင်လိုက်တော့ အဝတ်အစား ဝတ်
နေသော ကလေးနဲ့ တိုးသည်။

သူ႔ကိုမွ..(completed)Where stories live. Discover now