EP 24 Uni

3.7K 204 1
                                    

"ဝုန်း !"

ကားအရှိန်နဲ့အတူလွင့်သွားသောသူမကိုယ်လေး..
မုသားဖြူ လည်းကားတွေရပ်ကုန်တာနဲ့သူမတို့ရှိ
ရာအမြန်ပြေးလာမိ အတိုက်ခံလိုက်ရသူကတော့..

"စင်..စင်ယော်..."

လင်းအလန့်တကြားလဲနေရာမှာ စကားများထစ်ကာ
အော်လိုက်သည်။
လင်းဆီတည့်တည့်လာနေသောကားမှ လင်း လွတ်
စေရန် လမ်းအလယ်ကျွန်းရောက်သည်ထိလင်းကို
မေစင်ယော်တွန်းလွှတ်လိုက်သည်။ သူမကတော့
လင်းကိုတွန်းလွှတ်လိုက်သည်မို့ရှောင်ချိန်မရ အတိုက်ခံလိုက်ရသည်။ လင်း ကတော့ မေစင်ယော် သူမ
ကို ကား မှ လွတ်စေရန်အားနဲ့တွန်းလိုက်ခြင်းမို့ အ
လယ်ကျွန်းကအုတ်နဲ့ ခြေထောက်နဲ့ ထိကာ
တော်တော်နှင့်မထ နိုင် ရှိသမျှအား နဲ့ ကုန်း ထကာ
မေစင်ယော်ကိုပွေ့ဖက်လိုက်သည်။ သူမ ရဲ့ မုသား
ဖြူ လည်း စင်ယော် လက်ကို ကိုင်ထားသည်။ ဝေယံ
ကတော့ ထိုနေရာတွင်ကျောက်ရုပ်လိုရပ်ဆဲ.....
ကျောက်ရုပ်လိုရပ်နေတဲ့ ဝေယံကို မုသားဖြူ  လှမ်းအော်လိုက်သည်။

"လူနာတင်ယဉ်အခု အမြန်ခေါ် အမြန်!  "

ထိုအခါမှ ဝေယံ လည်း..

"လူ..လူနာတင်ယဉ်..."

ဟုဆိုကာအနီးအနားမှာအုံလာသောလူများဆီက
Phတောင်းကာ ဆေးရုံကားခေါ်လိုက်သည်။

"စင်..စင်ယော်..စင်ယော်..နင်အားတင်းထားဦးနော်..."

သွေးအိုင်ထဲလဲနေသော စင်ယော်ကို လင်း ရင်ခွင်
ထဲပွေ့ကာပြောလိုက်သည်။ စင်ယော်က နာကျင်
နေလျှက်နှင့် ပြုံးလာကာ သူမဘေး တွင်သူမလက်
ကို ကိုင်ထားသောမုသားဖြူ  သူမကို ရင်ခွင် ထဲပွေ့
ထားတဲ့ လင်းကို ကြည့်ရင်း....

"အခုငါသေသွားလဲ..ငါ..ငါချစ်ရတဲ့နင့်ကိုကယ်လိုက်
ရတဲ့ အတွက်..အဟွက်..ငါ..ငါပျော်တယ်..."

"နင်ဘာတွေပြောနေတာလဲစင်ယော်ရာ..နင်မသေ
  ရပါဘူး ငါတို့ဆေးရုံအမှီရောက်မှာပါဟာနော်.."

"အဟွက်...ငါ..ငါ..လေ.."

စင်ယော်စကားတွေပြောရင်း ပါးစပ်ထဲကသွေးများ
စီးကျလာသည်။ လင်းရော မုသားဖြူ မှာရောမျက်ရည်
တွေ ကျ လျှက်...

သူ႔ကိုမွ..(completed)Where stories live. Discover now