(part2)🐼⚽

9.4K 422 2
                                    

(Zawgyi)

ဝါး...မနေ့ကအထုတ်တွေနေရာချရင်း အိပ်ပျော်သွားတာပဲ။

ဟူး...ပင်ပန်းသွားလို့လား မသိဘူး အိပ်လို့ကောင်းလိုက်တာ။
အပြင်လေးဘာလေး ထွက်ကြည့်အုံးမှပါလေ။

ဒီလိုနဲ့ကျွန်တော်ဝရံတာကို ထွက်ကြည့်လိုက်တယ်။
ကျွန်တော့်ကိုမေမေဝယ်ပေးတဲ့ အိမ်လေးက နှစ်ထပ်အိမ်
လေးလေ။

အဲ့တော့ ကျွန်တော့်အခန်းကို အပေါ်ထပ်မှာပဲလုပ်လိုက်
တယ်။ ​အောက်ထပ်ကိုတော့ အိမ်လာလည်မဲ့ ဧည့်သည်တွေအတွက်ပဲထားလိုက်တယ်။

omg! ကျွန်တော်တကယ်ကို အံ့သြလွန်းလို့ ပါးစပ်က
နေတောင် အကျယ်ကြီးအော်မိတဲ့ထိပဲ။

ကျွန်တော့်ဘေးအိမ်က လှလိုက်တာအရမ်းပဲ ခြံလေးကလဲ
ရှင်းပြီးသပ်သပ်ရပ်ရပ်နဲ့ ပန်းခြံသေးသေးလေးတောင်
ရှိသေးတယ်။

တော်ရုံဆို ကျွန်တော်သူများကို မစပ်စုတတ်ပေမယ့်
ဒီအိမ်လေးကိုတော့ကျွန်တော် တကယ်စိတ်ဝင်စားမိတယ်။

အမလေး 7:30 နေပြီ နောက်မှပဲ ထပ်စပ်စုတော့မယ်။

တော်ကြာ ပထမဆုံးကျောင်းဖွင့်ရက်ကြီး နောက်ကျတယ်
ဆိုရင် မကောင်းဘူး ကောင်းမလေးတွေမြင်ရင်ရှိုးပဲ့တယ်။
(အမလေးဟဲ့ကနာဝက်ရယ်😌)

ဒီလိုနဲ့ကျွန်တော် ရေမိုးချိုးပြီး ကျောင်းကိုစက်ဘီးနဲ့ပဲ
ထွက်လာခဲ့လိုက်တယ်။ ကျောင်းကအရမ်းမဝေးတော့
စက်ဘီးနဲ့ဆို ပိုအဆင်ပြေတယ်လေ။

တွေ့ပါပြီ လဒနှစ်ကောင်ကျောင်းရှေ့မှာ စပ်ဖြီးဖြီးနဲ့
အခွက်လေးတွေကိုက မြင်တာနဲ့ဖြတ်ရိုက်ချင်စရာ။
(အားကြီးနဲ့ကနာဝက်ရယ်ကြောက်လိုက်တာ🙄)

Mild_"ဟျောင့်သားကြီး နောက်ကျလိုက်တာကွာ"

Gulf_"မင်းဘိုးအေကို နောက်ကျတာလား မနေ့ကငါအိမ်
ပြောင်းတော့မင်းတို့နှစ်ကောင် ဘယ်သွားသေနေလဲ"

Mild_"ဟီးဟီး မင်းကလဲငါတို့က မင်းကို သတိရပါ
တယ်ကွာငါတို့မအားလို့ မလာဖြစ်တာပါ"

Gulf_"မအားတာလား ဖွန်သွားကြောင်နေလို့လား"

Han_"မင်းကလဲအားကြီးနဲ့"

Daddy CEO and His Baby🐼⚽Where stories live. Discover now