(Zawgyi)
I found a love for me
Darling just dive right in
Follow my lead
Well I found a love
Beautiful and sweet~~~
ဒါကတော့ ကျွန်တော့်အတွက် သီးသန့်ထားထားတဲ့ ကိုကို့ဖုန်းသံလို့ထင်ရင်မှားသွားပါလိမ့်မယ် ကိုကိုကိုယ်တိုင် ဂစ်တာ
လေးတီးပြီး ကျွန်တော့်အတွက်ဆိုပေးနေတာပါ။လထိန်ထိန်သာနေတဲ့ ကောင်းကင်အောက်မှာ ဝရံတာထွက်
ပြီး ပြင်းရှရှဝိုင်လေးရယ်သီချင်းဆိုပြနေတဲ့ ချစ်သူရယ်နဲ့
ဘယ်လောက်တောင် လှပလိုက်လဲ။"ကလေးသိရဲ့လား ဒီသီချင်းက ကလေးတစ်ယောက်ထဲ
အတွက် ကိုယ့်ရဲ့မူပိုင်ဆိုတာ""လျှောက်ပြောမနေနဲ့ အဲ့ဒါခင်ဗျားရဲ့မူပိုင် မဟုတ်ပါဘူး
Ed Shreen ရဲ့မူပိုင်ပါနော်""ခင်ဗျားလေးဟာလေ နဲနဲလေးတောင်ရိုခွင့်မပေးဘူး ဘယ် လိုဟာလေးလဲ"
"ခ်ခ်ခ် အဖိုးကြီးက ရိုချင်သေးလို့လား"
"ကိုယ်အဖိုးကြီး ဟုတ်လားမဟုတ်လား ကိုယ်ရဲ့အင်အားတွေကို ကလေးအသိဆုံးပါ"
"နှာခေါင်းက မီးတောက်ပြန်ပြီ"
"ကိုယ်ကအမှန်ပြောတာလေ မဟုတ်လို့လား အခုထိကိုယ့်မှကိုယ် ဖြစ်နေတဲ့ကောင်မလေးတွေ အများကြီး"
"ရတယ်လေ အဲ့ဒါဆိုလဲ ခင်ဗျားကိုသည်းသည်းလှုပ်နေတဲ့ အဲ့ကောင်မလေးတွေနဲ့ပဲ နေလိုက်လေ"
"ဟား ဟား ဟား ကိုယ်တကယ်နေမှ ကလေးမငိုနဲ့နော်"
"မငိုဘူးဟာ သွားအိပ်တော့မယ် စကားလာမပြောနဲ့တော့"
စိတ်ဆိုးပြီး ထပြေးဖို့ကြိုးစားနေတဲ့ ကြောင်ပေါက်ကို
လက်ကနေဆွဲချပြီး ပေါင်ပေါ်မှာထိုင်ခိုင်းလိုက်တယ်။"ဖယ်ပေး!"
"ကိုယ့်ကို စိတ်ဆိုးသွားတာလား"
"မဆိုးဘူး ဖယ်ဟာ"
"ဒါဆို သဝန်တိုနေတာပေါ့"
"...."
ဘာမှပြန်မပြေပဲ မျက်မှောင်ကုတ်ထားတဲ့ရုပ်လေးက
ဘဲပေါက်လေး စိတ်ကောက်နေသလိုပဲ"ဟင် သည်းလေး ကိုယ်မေးတာဖြေလေ သဝန်တိုနေတာလားလို့"
"ဟုတ်တယ်ဆို ဘာဖြစ်လဲ"
YOU ARE READING
Daddy CEO and His Baby🐼⚽
Romance(Zawgyi) Company ပိုင်ရှင် CEO Mewsuppasit ရဲ့ ရေခဲတုံးလို အသည်းကို အရည်ဖျော်ပစ်ခဲ့နိုင်တဲ့ CEO ရဲ့အသည်းလေး Gulfkanawut နဲ့ ရှတတ ဝိုင်လးလို ချိုမြမြအချစ်... #CEOရဲ့ကောင်မလေး💛🍀 --------------- (Unicode) Company ပိုင်ရှင် CEO Mewsuppasit ရဲ့ ရေခဲတုံ...