Extra(2)

4K 253 8
                                    

(Zawgyi)

"ကလေး ကိုယ်တို့ရေချိုးရအောင် ပြီးရင်ညနေစာ သွားစားကြမယ်"

"အွန်း...ဒါနဲ့ ကျွန်တော်တို့ဒီမှာ ဘယ်နှစ်ရက်နေမှာလဲ"

"ဘာဖြစ်လို့လဲ အခုမှရောက်တာ ကလေးက ပြန်ချင်နေ
ပြီလား"

"မဟုတ်ပါဘူး ကိုကိုက အလုပ်တွေပစ်ထားခဲ့ရတာမလား"

"ကလေး ကိုယ်ပြောခဲ့တာ မေ့နေပြီလား"

"ဟမ်! ဘာကိုမေ့တာလဲ"

"ကိုယ့်အချစ်က မမှတ်ထားဘူးပဲ လာကိုယ့်ဆီ ကိုယ်ပြန်
ပြောပြမယ်"

ခုံပေါ်မှာထိုင်နေတဲ့ ကျွန်တော့်ပေါင်ပေါ် လာထိုင်ဖို့ ကလေးကို ခေါ်လိုက်တော့ အနားရောက်လာပြီး ရပ်ကြည့်နေလို့
လက်ကနေ ဆွဲချလိုက်တယ်။

"ကိုယ်ကလေးကို မပြောခဲ့ဘူးလား ကလေးနဲ့မယူခင်က
အလုပ်တွေ အရမ်းလုပ်ခဲ့တယ်ဆိုတာ တစ်ချိန်ကျ ကိုယ်တို့
လက်ထက်ခဲ့ရင် အေးဆေး ကလေးအနားမှာနေချင်လို့ ဆိုတာလေ"

"ဒါပေမယ့် ကိုကို့အလုပ်က အကြာကြီးလက်လွှတ် ထားလို့မှ
အဆင်မပြေတာ"

"ကလေးက အဲ့ဒါတွေမပူပါနဲ့ အခုချိန်ကိုယ်အလုပ်မလုပ်
တော့လဲ ကလေးကိုတင့်တောင်းတင့်တယ် ထားနိုင်ပါတယ်"

"ကျွန်တော်ပြောတာက အဲ့လိုမဟုတ်ဘူးလေ!"

"ကိုယ်သိပါတယ် ကလေးဘာကို ဆိုလိုလဲဆိုတာ အခုကိုယ်
ပြောမယ် ဒီနေ့ကကိုယ်တို့နှစ်ယောက်ရဲ့ အချစ်တွေနဲ့ တစ်
ယောက်ကိုတစ်ယောက် ပိုင်ဆိုင်ကြောင်း သက်သေထူခဲ့တဲ့ နေ့လေးလေ အဲ့တော့နောက်ကြောင်း မအေးတာတွေမရှိပဲနဲ့ စိတ်လွတ်ကိုယ်လွတ်ပျော်ကြရအောင် ကေလးလဲသိတယ်
မလား ကိုယ်နဲ့ကလေးက အမြဲအေးအေးဆေးဆေး နေရတဲ့
ရက်ဆိုတာ အရမ်းရှားတယ်လေ အလုပ်တွေနဲ့ပဲ ရှုပ်နေရတာ ကိုယ်တို့ရဲ့ honey moon လေးမှာတော့ အဲ့ကိစ္စတွေ
မေ့ထားရအောင် ကိုယ်တို့အချစ်အကြောင်းပဲ တွေးကြမယ် ဟုတ်ပြီလား"

"PH.D ဦးနှောက်ကြီးနဲ့ စကားတွေတတ်တိုင်း ခြွေနေ
လိုက်"

"ဟားဟားဟား အဲ့ PH.D ကြီးခြွေတာကို ကြွေပြီးချစ်နေတာ ဘယ်ကကြောင်ပေါက်လေးလဲ"

Daddy CEO and His Baby🐼⚽Where stories live. Discover now