It's me

2.7K 261 46
                                    

Unicode

Taehyung ကိုယ်တိုင်လဲ သူဘာလုပ်သင့်လဲ မသေချာပေမယ့် အသက်ရှူ နေသေးတဲ့ လူတယောက်ကိုတော့ ဆေးရုံကားခေါ်ပေးခဲ့သည် ။ ဒါက လုပ်သင့်တယ်လို့ ထင်တာပါပဲ။

ဦးခေါင်းကွဲတာက လွဲလို့ အ​ခြေအနေအားလုံးတည်ငြိမ်တာကြောင့် Hopie တယောက် သက်ပြင်းချနိုင်ခဲ့သည် ။
Jin Hyung ကိုယ်တိုင် အမှုဖွင့်ပြီး မကောင်းတဲ့ ကောင်ကို ထောင်ချဖို့ သူ့ငွေတွေသုံးခဲ့သေးသည် ။

Jh " ကျေးဇူးတင်ပါတယ် Hyung

Jin " ရပါတယ် ငါလဲ ဒီလိုနေရာမှ မသုံးရင် ကုန်မှာမဟုတ်ဘူး

အမြဲပြုံးနေတတ်တဲ့ သူက ခုချိန်မှာ ကြောက်စိတ်တွေကြီးစိုးနေတာကြောင့် သူ့ကို အားလုံးက စိတ်မကောင်းဖြစ်နေရှာသည် ။
Taehyung က အနားမှ တဖဝါးမှ မခွာပဲ နှစ်သိမ့်ဖို့ ကြိုးစားနေပေမယ့် အချည်းနှီးသာ ။

Hyung က ဝမ်းနဲအခါ တယောက်ထဲ ထွက်ပေါက်ရှာတတ်သည် ။

ရဲစခန်းမှ အပြန် Hopie က Taehyung တို့အိမ်ကို လိုက်လာခဲ့သည် ။ အိမ်ထဲဝင်တော့ မြင်လိုက်ရတဲ့ မြင်ကွင်းက ရင်ဝ ကိုဆောင့်ကန်လိုက်သလိုပဲ ။

ထမင်းစားပွဲတွင် တယောက်နဲ့တယောက် အပြန်အလှန် ခွံကျွေးနေသည့် Jungkook တို့ နှစ်ကောင် အား မြင်လိုက်ရခြင်းကြောင့် ဖြစ်သည် ။

Th " ဟိုနှစ်ကောင် အဲ့ဒါ... ဘာဖြစ်နေတာလဲ

Taehyung အသံကြားမှ ပြာပြာသလဲ ဖြင့် Hopie ဆီ Jimin ပြေးလာပီး

Jm " Hyung အဆင်ပြေရဲ့လား ဘယ်နားထိခိုက်သွားသေးလဲ

Jh " အင်း အဆင်ပြေပါတယ် စိတ်မပူနဲ့နော်

Hopie က ပြုံးလိုက်လိုက်သည် ။ သူ့အပြုံးက တောက်ပပေမယ့်လဲ အသက်မပါ နွေးထွေးမှုမရှိခဲ့ချေ ။

Jk " Hopie Hyung ကျတော့ အခန်းမှာ ဝင်နားလိုက်ပါ ပင်ပန်းနေပီပေါ့ ညစာရော စားပြီးပြီလား

Jungkook က တော်ရုံဆို သူရဲ့ အခန်းကို လူမပြောနဲ့ ခြင်တောင် ဝင်တာ မကြိုက်ပါဘူး ။
ဒီလိုကြတော့လဲ တဖက်သားကို ကူညီလိုစိတ်လေးရှိသားပဲ ..... Taehyung အတွေးမှာ အမှတ်တွေရနေခဲ့သည် ။

𝒟 𝑒 𝓋 𝒾 𝓁  𝐼 𝓃 𝓈 𝒾 𝒹 𝑒 Where stories live. Discover now