Don't deny me 🔞🔞

3.6K 243 35
                                    

Warning: ⚠⚠

Unicode

ဆန်ပြုတ်ပန်းကန်ကိုင်ကာ အခန်းထဲဝင်လာတဲ့ Taehyung ကို Hopie လှမ်းကြည့်လိုက်သည် ။

" Hyung ဒါလေး လာစားလိုက် ပီးရင် ဆေးသောက်ရအောင်

" အင်း

Hope ဆန်ပြုတ်ကို တစ်စွန်း ခပ်သောက်လိုက်သည် ။ အရသာ....အရသာက

" Taehyung မင်း လုပ်ထားတာလား

" ဟင့်အင်း ဒါ Jimin ချက်ပေးတာ ကျတော်က ဒါလေး လှီးလာတာ ဟီးဟီး

ပန်းကန်ထဲ၌ ရိုးတံပေါ်နေပီဖြစ်တဲ့ ပန်းသီးကို ကြည့်ပြီး Hopie ရီလိုက်မိသည် ။
ဒီကလေးလေးက ဘာမှ ပြောင်းလဲ မသွားသေး ။ ငယ်ငယ်ကအတိုင်း Taehyung က ချစ်ဖို့ကောင်းနေစဲပင် ။

Hopie လက်လှမ်းကာ Taehyung ခေါင်းလေးကို ပွတ်သပ်ရင်း

" Taehyung ဘယ်ချိန်မှ ရင့်ကျက်မှာလဲ ကလေးလိုမနေနဲ့တော့လေ

" Hyung တယောက်ပဲ ကျတော့ကို ကလေးလို မြင်နေတာပါနော်

" အို တကယ်လား

Taehyung တယောက် နှုတ်ခမ်းလေးဆူကာ စိတ်ကောက်သွားတော့သည် ။ သူဖြစ်ချင်တာ Hyung အမြင်မှာ အားကိုးရတဲ့ ယောကျာ်းတ​ယောက်လိုလေ ကလေးလို့ မသတ်မှတ်ခံနိုင်ပေ ။

Taehyung ၏ ဆူနေတဲ့ နှုတ်ခမ်းကို ကြည့်၍ Hopie အနေနိုင်တော့...

" အာ Hyung မှားပါတယ် စိတ်မဆိုးပါနဲ့...... ခု Hyung တွက် ဆေးယူပေးလို့ရမလား

" အင်း

Hopie ဆေးနှစ်လုံးကို တပြိုင်နက်သောက်လိုက်ပြီးနောက် ခေါင်းအုံးလေးကို မှီပြီး မိန်းနေလိုက်သည် ။ Taehyung က စားထားတဲ့ ပန်းကန်တွေကို အခန်းပြင်ပို့ပြီး မှ ပြန်ဝင်လာကာ

" Hyung မီးပိတ်ပေးရမလား

" အင်း ပိတ်လိုက်လေ

မီးရောင်မျှမျှလေးသာ ရှိတဲ့ အခန်းငယ်လေးထဲမှာ သူတို့နှစ်ယောက် ကုတင်တခုထဲ ရှိနေတာက နဲနဲတော့ ကို့ရို့ကားယားဖြစ်နေသည် ။
Hopie ထက် Taehyung က သူရဲ့ မလုံမလဲ စိတ်တွေကြောင့် အနေရခက်နေခဲ့သည် ။

မိနစ်အငယ်နဲ ကျော်လွန်သည်ထိ Taehyung ကုတင်ပေါ်မှာ လှုပ်စိထကာ အိပ်မရခြင်း အနုပညာများ စတင်နေတော့သည် ။

𝒟 𝑒 𝓋 𝒾 𝓁  𝐼 𝓃 𝓈 𝒾 𝒹 𝑒 Where stories live. Discover now