Memory 🐲💫🐼 Part 16

163 11 0
                                        

[Zawgyi]
Memory 🐉💫🐼

အပိုင်း (16) Medicine

ညက ငမူးလေး Jiyong နှောက်ယှက်လို့ Victory တယောက် အိပ်ရေးမဝချေ။ ပြတင်းပေါက်မှ ဖြာကျလာသော မနက်ခင်း အလင်းရောင်ခြည်ကြောင့် အိပ်ချင်မူးတူး ဖြင့် မျက်လုံးများကို ပွတ်သပ်လိုက်ပြီး နံရံပေါ်မှ နာရီကို လှမ်းကြည့်မိတော့ နာရီလက်တံအတိုက နံပတ် ၆ ဂဏန်းကို ညွှန်ပြနေလေသည်။

မိမိအား ဖက်လုံးလို သဘောထားပြီး ခွဖက်လျက် အိပ်နေသော Jiyong နှိုးသွားမည်စိုးသဖြင့် Victory ခပ်ဖြည်းဖြည်း နေရာရွှေ့လိုက်ပြီး Jiyongဧ။် ဆံပင်ပွပွလေးကို အသာအယာလေး နမ်းလိုက်သည်။

အရက်နာကျနေသော Jiyongသောက်ရန် အတွက် မီးဖိုချောင်သို့ ဝင်ကာ အမူးပြေဟင်းရည်ကို ချက်တတ်သလို ကိုယ်ပိုင်နည်းလမ်းတို့်ဖြင့် အလျှင်အမြန် ချက်လိုက်ဧ။်။

ဟင်းရည်ကျက်သည်အထိ Jiyong အိပ်ရာမှ မထသေးသဖြင့် အိပ်ခန်းထဲသို့ ဝင်လိုက်တော့ ပက်လက်အနေအထားဖြင့် အိပ်မောကျနေသော Jiyongမှာ ကလေးလေးနှင့် တူလှပေသည်။

Victory စနောက်ချင်စိတ်ပေါ်လာသောကြောင့် စားပွဲခုံမှ အံဆွဲထဲရှိ သရေကွင်း ၃ကွင်းကို ထုတ်ယူကာ Jiyongဧ။် ပွယောင်းယောင်း ဆံပင်တွေကို ခပ်ဖွဖွ စုကိုင်ပြီး ကြက်တောင်စည်း ၃ခု စည်းပေးလိုက်ဧ။်။

Victory တယောက် ကိုယ့်ဘာသာ လျှောက်လုပ်ထားသော ပုံစံကို ကျေနပ်စွာကြည့်ကာ ပြုံးရယ်လိုက်ရင်း Phone cameraဖြင့် အမှတ်တရဓာတ်ပုံ ခိုးရိုက်ထားလိုက်ပြီး ထိုချစ်စရာကောင်းသော ပုံကို ဖုန်း wall paper ချိန်းလိုက်လေသည်။ အလုပ်သွားချိန်နီးနေသဖြင့်...

" Jisoonie အိပ်ယာက ထတော့လေ" ဟု Victory လှုပ်နှိုးလေတော့မှ Jiyong က မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်ကာ နိုးလာလေသည်။

" Jisoonie အလုပ်နောက်ကျနေမယ်နော်..." ဟု Victory ထပ်မံပြောလေတော့ Jiyong က သူ့အား မိန်းကလေးဆန်ဆန် နံမည်ဖြင့် ချစ်စနိုးခေါ်နေသော Victoryကို ကြောင်တောင်တောင်ဖြင့် ပြန်ကြည့်လိုက်ပြီး...

" ကိုယ်နောက်ကျနေပြီလား... ဘောင်းဘီရော ဘယ်ရောက်"

Victoryက Jiyong ခေါင်းမှ လှုပ်လှုပ်ရမ်းရမ်းဖြစ်နေသော ကြက်တောင်စည်းလေးတွေကို အသည်းယားဖွယ်ကြည့်ရင်း...

Memory 🐲💫🐼 (Completed) Zawgyi & UnicodeWhere stories live. Discover now