Memory 🐲💫🐼 Part 22

136 11 0
                                        

[Zawgyi]
Memory 🐉💫🐼

အပိုင်း (22) Laugh

Jiyongမှာ ကောင်တာတွင် ထိုင်နေသော Dae Saung ထံ ကျသင့်ငွေကို ကမ်းပေးရင်း ဘေးမှ Victoryကို...

" Victory အိမ်ပြန်ရောက်မှ စားမယ်မလား ... ကိုယ် ပါဆယ်ပဲ မှာထားလိုက်မိတယ်..."

" အင်း အိမ်ရောက်မှ စားလိုက်မယ်လေ..." ဟု ဆိုလျက် နူးနူးညံ့ညံ့ ပြုံးရယ်ပြဧ။်။

မိမိတို့နှစ်ဦးဧ။် အပြုအမူကြောင့် တအံတသြကြည့်နေသော Dae Saung အား Victory နှင့် မိတ်မဆက်ပေးလျှင် မသင့်တော်သည်မို့ Jiyongက...

" Dae Saung Hyung... ဒါက ကျွန်တော့ချစ်သူ... Victory " ဟု မိတ်ဆက်ပေးလိုက်တော့...

Dae Saung က Jiyongတို့နှစ်ဦးဧ။်  ပတ်သက်မှုကြောင့် ပိုမို အံအားသင့်စွာဖြင့် သူဧ။် ခပ်မှေးမှေးမျက်လုံးများပင် အနည်းငယ် ပြူးကျယ်သွားလေပြီး...

" Jiyong ချစ်သူလား... အတော်လေး ချစ်ဖို့ကောင်းတာပဲ... တွေ့ရတာဝမ်းသာပါတယ်... " ဟု အံအားသင့်မှုကို ဖုံးကွယ်လျက် ချိုသာစွာ ပြုံးရင်းနှုတ်ဆက်တော့...

" ဟုတ်ကဲ့ ကျွန်တော်လည်း တွေ့ရတာဝမ်းသာပါတယ်...  Hyungနဲ့ Top Hyung တို့အကြောင်းကို Jiyongက အိမ်မှာဆို အမြဲပြောတယ်..."

Victoryထံမှ စကားသံကြောင့် Jiyong အားတုံ့အားနာဖြင့် Victoryဧ။် လက်ကို ဖျစ်ညစ်ဆုပ်ကိုင်လိုက်ပြီး...

" Hyung နောက်မှ အေးအေးဆေးဆေး လာစားဦးမယ်နော်..." ဟုအလျင်စလို နှုတ်ဆက်ကာ Victoryဧ။် လက်ကို ဆွဲကိုင်ရင်း ဆိုင်အပြင်သို့ ထွက်ခွာခဲ့လိုက်သည်။

ဆိုင်အတွင်းရှိ ကောင်တာတွင် ကျန်ရစ်ခဲ့သော Dae Saung မှာ မိမိနှင့် Top ဧ။် ရှေ့ဆက်ရန် ခက်နေသော အနေအထားကြောင့် ဘေးလူတွေပါ အားမလို အားမရဖြစ်နေရခြင်းအပေါ် စိတ်မကောင်းဖြစ်မိရပြန်သည်။

ထိုကိစ္စထက် လောလောဆည် ပိုအရေးကြီးသည်က Jiyongဧ။် ချစ်သူကောင်လေးမှာ သူ့အား အကူအညီလှမ်းတောင်းသော မျက်ဝန်းနက်ဖြင့် ငေးကြည့်နေသည့် အဝေးပြေးကားလမ်းမထက်က လူငယ်လေးနှင့် တူသည်ဟူသော ခံစားချက်က Dae Saungဧ။် အတွေးထဲတွင် သိလိုစိတ် ပြင်းပြနေပါတော့သည်။

Memory 🐲💫🐼 (Completed) Zawgyi & UnicodeDonde viven las historias. Descúbrelo ahora