Part_3

729 104 4
                                    

Uni

"အကို.....အကို”

တိမ်ပြာက လေဖောနေတုန်း သတိရမိလို့
ကြည့်လိုက်တော့ နေဘုန်းခန့်ဆိုသူမှာငိုက်
တောင် ငိုက်နေရှာလေပြီ။

"အကို”

နောက်တစ်ခေါက်ထပ်ခေါ်ကာ အသာလေး
တွန်းလိုက်မှ အိပ်ချင်မူးတူးရုပ်ဖြင့်

"အင်းပြောလေညီ ပြော”

"အကို အိပ်ချင်ပြီလား။ညနေပဲရှိသေးတာ”

"အာ....ရပါတယ်။အကိုမအိပ်ချင်ပါဘူး”

"Accidentနဲ့ပတ်သတ်ပြီး အိပ်မက်ဆိုးတွေ
ရောမက်လား။”

တိမ်ပြာကအလေးအနက်ပုံစံနှင့် မေးနေသည်
မို့ နေဘုန်းကခါးကိုဆန့်ပြီး ပြန်ဖြေမိသည်။

"စ,စချင်းတော့မက်တယ်။
အခုတော့ မမက်တော့ဘူး”

"ကောင်းတယ်”
တိမ်ပြာက ခေါင်းညိတ်ရင်းကျေနပ်စွာပြော
သည်။

"နောက်ပြီး အိပ်မပျော်တာရော?”

"အခုရက်ပိုင်းတော့ သိပ်အိပ်မပျော်ဘူး။
ဒါက ကိုယ်အတွေးများလို့နေမယ်”

"ဖြစ်နိုင်ပါတယ်။
ကားတော့ပြန်မမောင်းနိုင်သေးလောက်ဘူး”

"အင်း”

နေဘုန်းက ခေါင်းညိတ်ရင်းဝန်ခံသည်။

"အကို က မမောင်းရဲရုံတင်ပါ။
တခြားလူတွေဆို accident ကြောင့်
သူများမောင်းတာတောင် မစီးရဲတော့ဘူး
အကြောက်တရားက စွဲနေတာမျိုးပေါ့”

"Awww”

"အကို accidentအကြောင်း အသေးစိတ်
ပြောပြလေ။
ကျွန်တော်နားထောင်ချင်တယ်။”

တိမ်ပြာကတက်တက်ကြွကြွပင် နားရွက်ကို
ထောင်ကာ နားထောင်ရန်ပြင်ထားလိုက်
သည်။ကား accident ဆိုတာမျိုးက
ရုပ်ပိုင်းဆိုင်ရာတွင်သာ ထိခိုက်တာမျိုးမ
ဟုတ်ပေ။

စိတ်ပိုင်းဆိုင်ရာလဲ ထိခိုက်ရသည်။
တစ်ချို့ဆို တစ်သက်လုံးကားကိုမမြင်ချင်
လောက်တဲ့အထိဖြစ်နိုင်သည်။
အိပ်မက်ဆိုးတွေ၊ အိပ်မရတာတွေနဲ့ accidentကို ပြန်ပြန်မြင်ယောင်မိတာတွေ
အပြင် စိတ်ဓာတ်ကျတာတွေပါ ဖြစ်သွား
တတ်သည်။

Near You (Completed)Where stories live. Discover now