Final Part

980 75 12
                                    

Zawgyi

ကောင်လေးတစ်ယောက်က အုတ်ဂူတစ်ခုရှေ့မှာ တည်ငြိမ်စွာရပ်နေလေသည်။ မနက်ပိုင်းမို့ နေရောင်စူးစူးကလဲ ထိုကောင်လေးအပေါ် ဖြန့်ကျက်ပေးထားသည်။ အုတ်ဂူကို အတန်ကြာ စိုက်ကြည့်ပြီးနောက် သက်ပြင်းချကာ နေကြာပန်းတစ်ပွင့်ကို အုတ်ဂူပေါ်တင်ပေးလိုက်သည်။ ခပ်နွမ်းနွမ်းအပြုံးသည် ထိုကောင်လေး၏ မျက်နှာပေါ်၌ တည်ရှိနေသည်။

"နောက်ဘဝမှာ အေးချမ်းပါစေ......။ နေကြာပန်းယူလာခဲ့တယ်။ ဒီပန်းက ခင်ဗျားနဲ့တူသလိုပဲ။ အင်း။ အဲ့လိုခံစားရတယ်။ ဘာပဲဖြစ်ဖြစ် .........။အင်း ။ကျွန်တော် ဘာဆက်ပြောရမလဲတောင်မသိတော့ဘူးရယ်။ "

ကောင်လေးက ပြောနေရင်းနဲ့ မှ ခေါ်သံကြားလိုက်လို့ထင်၏။နောက်ကို တစ်ချက်လှည့်ကြည့်ကာ ဆက်ပြောသည်။

"ကျွန်တော် သွားတော့မယ်။ နောက်ကျ လာနိုင်မယ်မထင်ဘူး။နှုတ်ဆက်ခဲ့ပါတယ်နော်.............။"

ခပ်အေးအေးလေသံနှင့် ပြောကာ ရပ်စောင့်နေသည့် ကားလေးဆီ လျောက်လာခဲ့သည်။

"ကြာလိုက်တာကွာ။ ဘာလဲ။ သွားပြီးရန်တွေ့နေတာလား။"

ကားပေါ်မှာထိုင်နေသည့် အညိုရောင်လူသားက ဩရှရှလေသံနှင့် လှမ်းမေးသည်။

"ဟုတ်တယ်။ ခင်ဗျားကို လုသွားလို့ဆိုပြီး သွားရန်တွေ့နေတာ။"

ကောင်လေးရဲ့စကားအဆုံး ထိုလူသားက ကျေနပ်စွာရယ်လိုက်သည်။

"ကိုယ့်ရဲ့ ကလေး ကသိပ်စွာလာတယ်။"

"အရင်ထဲက ဒီတိုင်းပါပဲ။ ကားဆရာရေ မောင်းတော့.......။"

တိမ်ပြာအရမ်းသဘောကျသည့် အိမ်ကြီးထဲကို ပြန်ရောက်တော့ ဝှီးချဲလေးကိုထုတ်ကာ အဆင်သင့် ခင်း‌ပေးလိုက်သည်။ ကားပေါ်က လူသားကတော့ သဘောတကျပြုံးကာ

"ကျေးဇူး ကလေး"

"မလိုပါဘူး။"

"နေဦး။ အိမ်ထဲမဝင်ပါနဲ့ဦး။ ပြောစရာရှိလို့။ ဒါန်းလေးတွေနားသွားရအောင်။"

"အင်း။ ပြီးတာပဲ။"

တစ်ယောက်ထိုင် ဒါန်းလေးနားရောက်တော့ တိမ်ပြာက ဒါန်းပေါ်တက်ထိုင်လိုက်ကာ သူကဝှီးချဲပေါ်မှာပဲ ထိုင်လျက်သားရှိနေသည်။ ထိုလူနှစ်ယောက်၏လက်နှစ်ဖက်သည် တွဲလျက်သား။

Near You (Completed)Where stories live. Discover now