Part_5

605 89 4
                                    

Uni

"အကို ကျွန်တော် ရေချိုးလိုက်ဦးမယ်နော်”

ခါးတွင်တဘတ်လေးပတ်ကာ ပြောလာသော
တိမ်ပြာ့စကားကို နေဘုန်းကခေါင်းညိတ်ပြ
သည်။ခဏနေကျရင် နေဘုန်းက ကားပြန်
မောင်းတော့မှာဖြစ်သည်။
ဒါပေါ့။ တိမ်ပြာကလဲ ဘေးကနေလိုက်ပေးရ
ပေမည်။ စိတ်မငြိမ်တာတို့၊ ကြောက်လာတာ
တို့ဖြစ်ပြီး တစ်ခုခုထပ်ဖြစ်ရင် ခက်ပေမည်
မဟုတ်လား။

"အား.....အကို အကို လုပ်ပါဦး။”

ခဏအကြာမှာ တိမ်ပြာ့အော်သံကြီးက ရေချိုး
ခန်းထဲမှ ထွက်လာသည်မို့ နေဘုန်းလဲအပြေး
လေးသွားကြည့်ရသည်။
သို့သော် ရေချိုးခန်းတံခါးဝမှာတင်ရပ်ပစ်ရ
သည်။ တိမ်ပြာ ထပ်အော်သည့်စကား
ကြောင့် ဖြစ်သည်။

"မလာခဲ့နဲ့ အကို။တဘက်အသစ်ယူပေး
ဒီတဘက်မှာ ပင့်ကူကြီးဗျ ဟီး....”

ငိုသံပါကြီးနှင့် ပြောနေသည်ကြောင့် နေဘုန်း
နှာခေါင်းရှုံ့မိပါသည်။
နယ်ကလာသည့်လူက ပင့်ကူလောက်ကို
ကြောက်စရာလား။

တံခါးကိုအသာဟ,ကာ တဘက်ကိုလှမ်းပေး
ရသေးသည်။
ခဏအကြာမှာပင် တိမ်ပြာကတံဘက်လေး
ပတ်ကာ ရေချိုးခန်းထဲမှ ထွက်ပြေးလာလေ
သည်။အသက်ရှူတွေမြန်နေသည်က မသိရင်
လူသတ်လာသည့်နှယ်။

"မြန်မြန်အဝတ်အစားလဲ။ ခြံထဲကစောင့်နေ
မယ်”

ရှက်သလိုလိုနဲ့ မျက်နှာကြီးလွှဲကာ အလျင်စ
လိုထွက်သွားပါသော နေဘုန်းကို သူနားမ
လည်ပါ။ယောကျ်ားချင်းပဲဟာ ရှက်စရာကျ
လို့။

တိမ်ပြာအပြင်ထွက်လာတော့ သူကကားထဲ
ပင်ရောက်နေပြီဖြစ်သည်။
သူက ထိုင်ခုံနောက်မှီမှာ လျော့ရဲရဲမှီရင်း စိတ်
ကိုပြင်ဆင်နေပုံရသည်။

"စိတ်အေးအေးထားပြီ အသက်ရှူလေ့ကျင့်
ခန်းကို ၅မိနစ်လောက်လုပ်ရအောင်”

တိမ်ပြာက ဆရာဝန်လေသံနှင့်ညွှန်ကြား
တော့ သူကနာခံမှုရှိစွာခေါင်းညိတ်သည်။
ဒီနေ့ကိုရောက်ဖို့ တိမ်ပြာတို့လေ့ကျင့်ခန်းတွေ
ဆေးတွေ ရဲ့အကူအညီကိုယူထားရတာဖြစ်
သည်။

"ပုံမှန်နှုန်းထက်လျှော့မောင်းမယ်။”

"Ok”

Near You (Completed)Where stories live. Discover now