Zawgyi
~~မြနန်းစံတော်~~
အပိုင်း(၂၃)ဖုန်းထဲမှ miss call ပေါင်းမျာစွာကိုကြည့်ပြီး အက္ခရာ သက်ပြင်းရိုက်လိုက်မိသည်။
ယမ်း.......
သူမတို့နှစ်ယောက်ကြား ကြီးမားသော လွဲချော်မှုအတွက် ယမ်းစိတ်ပူနေရှာသည်ထင်ပါ့..။ ထိုစိုးရိမ်မှုထဲတွင် အက္ခရာဆိုသော မိန်းမတစ်ယောက်အတွက် ပါမည်တဲ့လား...
ယမ်းဟာ..ဆူးကိစ္စအတွက်သာ အမြဲတွေးပူနေခဲ့သည် မဟုတ်လား
နာကျင်မိသောရင်တစ်စုံဖြင့် အက္ခရာ ယမ်းကို ပြန်မဆက်သွယ်မိပါ။ သူမရင်သည်ထုံကျင်နေသည်အထိ နာကျင်မူတွေနှင့် မွန်းကျပ်နေမ်၏။ မည်းမှောင်နေသည့် အခန်းငယ်ထဲ ပိတ်လှောင်နေမိသကဲ့သို့ ခံစားနေရသည်။
သူမ....တကယ်ကိုပိတ်လှောင်နေခဲ့မိပြီ..။
သူမဘာအတွက်လာသည်ဆိုတာ စောစီးစွာသိနေရက်နှင့် ဤအိမ်ကြီးသည် မသိချင်ဟန်ဆောင်ကာ မာယာများခဲ့သည်။ သူတို့လှည့်ကွက်တွေကြားအက္ခရာဟာ ကစားစရာဖြစ်နေခဲ့၏။
အခုလည်းအားလုံးဟာ ဘာမှမဖြစ်သလို ဘာမှမသိသလိုနှင့်။
ဒီအဖြစ်ကစိုးရွံဖို့ကောင်းလွန်းလှ၏။ ဘယ်အချိန် ဘယ်လိုပြန်ကစားလာမလဲ။ ဘယ်လို ရိုက်ချလိုက်မလဲ ...
ဒီအတွေးတွေက အချိန်နှင့်အမျှ သွေးပျက်နေရ၏။ သို့သော်အက္ခရာအတွက် ပြေးစရာမြေမရှိပါ။ သေတွင်းဆိုရင်တောင် ဒါဟာသူမအတွက် နားခိုစရာဖြစ်နေသည်က ရင်နာစရာကောင်းလှ၏။
သူမတကယ်ပဲ... ဝဋ်ကြွေးကြီးလွန်းပါလား
နာကျင်လွန်းစွာ မျက်ရည်တို့က စီးကျလာပြန်၏။
"ဆရာမ.."
ခေါ်သံတိုးတိုးလေးကြောင့် မျက်ရည်ကိုလက်နှင့်အသာ သုတ်လိုက်ရင်း. .
"အင်း...အထဲလာခဲ့လေ"
ကလေးနှစ်ယောက် အခန်းထဲတွန့်ဆုတ်တွန့်ဆုတ်ဝင်လာပြီး
"ဆရာမ ဦးငယ်နဲ့ ယူတော့မှာလားဟင်"
ခွန်းခွန်းအမေးကြောင့် အက္ခရာဘာပြောရမှန်းပင် မသိတော့။ ရှမ်းအမ်းအမ်းပြုံးမိရင်း
YOU ARE READING
မြနန်းစံတော် - MyaNanSanTaw (Zaw+Uni)
Mystery / Thrillerကျိန်စာဆိုးများနှင့်ပြည့်နှက်နေသော ကြောက်မက်ဖွယ်ဝိညာဉ်ဆိုးများဖြင့် ဆာလောင်မွတ်သိပ်နေသော "မြနန်းစံတော်" အတိတ်ဘဝရန်ငြိုးတွေနှင့်.. အမုန်းတရားတွေပြည့်နှက်နေသည့်ဝိညာဉ်ဆိုး "သူမ" မြနန်းစံတော်တွင်ရှိနေဆဲ... ညဘက်ကြားရသည့်အော်သံများ နံရံတဘက်ဆီမှ နာနာကျင်က...