Part-26

2.8K 276 20
                                    

Zawgyi

~~မြနန်းစံတော်~~
အပိုင်း(၂၆)

"ဘယ်ရောက်နေပါလိမ့်.."

အတွေးဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ လိုဏ်ဂူတစ်ခုတွင်းဆိုတာထက် ဘာမှမသိနိုင်...။

တောက်လျှောက်မျက်လုံးကို အဝတ်နှင့် စည်းထားသဖြင့် ဘယ်ရောက်နေမှန်း အက္ခရာမတွေးတက်တော့ပါ။ အဝတ်စဖယ်လိုက်သည်နှင့် သတိပြုမိသည်က သူမရောက်နေသည့်နေရာက လိုဏ်ဂူတစ်ခုတွင်း...

လိုဏ်ဂူကာ လေဝင်လေထွက် ကောင်းမွန်သည့်ပြင် အလင်းရောင်ပါ လုံလုံလောက်လောက်ရရှိသဖြင့် နေရသည်မှာ သက်တောင့်သက်သာတော့ ရှိပါရဲ့...။

သူမနှင့်နန်းစံပယ်ဖြူကိုထားပြီး ဦးနက်တို့အဖွဲ့ ဂူတံခါးကိုပိတ်ကာ ထွက်သွားတော့သည်။ ဦးနက်တို့ထွက်သွားသည်နှင့် အက္ခရာဂူတံခါးရှိရာ အပြေးလေးသွားမိသည်။

ရှိသမျှအားလေးနှင့် ဂူပေါက်ဝကိုပိတ်ထားသည့် ကျောက်တုံးကိုတွန်းကြည့်တော့ တုတ်တုတ်မျှပင်မလူပ်။ ဘယ်လိုဖွင့်ပြီး ဘယ်လိုပြန်ပိတ်သွားသည်မသိ...

မောရုံသာအဖတ်တင်သည်။ တံခါးကရွေ့ဖို့နေနေသာသာ လူပ်ပင်မလူပ်သဖြင့် အက္ခရာစိတ်လျှော့ပြီး ပြန်လှည့်လာလိုက်သည်။ စိတ်ပျက်လက်ပျက်နှင့် ကျောက်တုံးတစ်ခုပေါ် ထိုင်ချပြီး လိုဏ်ဂူတွင်းကို အကဲခတ်ကြည့်မိသည်။

သဘာဝတိုင်းရှိသည့်ဂူဖြစ်ဟန်တူသော်လည်း လူနေနိုင်ရန် စနစ်တကျပြင်ဆင်ထားပုံရသည်။ အသုံးအဆောင်ပစ္စည်းအချို့နှင့် ဂူတွင်းအနေအထားတို့က သေသေသပ်သပ်ရှိလှသည်။

လိုဏ်ဂူတွင်းလျှောက်သွားမိတော့ တဖြည်းဖြည်း အလင်းရောင်ပျောက်ကာ မှောင်လာသဖြင့် အက္ခရာဆက်မသွားရဲဘဲ နောက်ပြန်ဆုတ်လာလိုက်သည်။ ဂူတွင်းလမ်းကကျဉ်းလာသည့်ပြင် အသက်ရူပါကျပ်လာတော့ သူမလက်လျှော့ကာ နဂိုနေရာလေးမှာပဲ စိတ်ဓာတ်ကျစွာ ပြန်ထိုင်ချလိုက်သည်။

"ဝေါ....ဝေါ"

"ဘာသံပါလိမ့်..."

သဲ့သဲ့ကြားလိုက်ရသည့်အသံကြောင့် သေချာနားစွင့်မိတော့ ရေကျသံ...။ ဒီအနီးအနားမှာ ရေတံခွန်တစ်ခုရှိနေလား...

မြနန်းစံတော် - MyaNanSanTaw (Zaw+Uni) Where stories live. Discover now