Part-31

3K 260 8
                                    

Zawgyi

~~မြနန်းစံတော်~~
အပိုင်း(၃၁)

"သူအသက်ရှူသေးတယ် ဒါပေမယ့် သူအသက်ရှင်ဖို့ 5%ပဲရှိတော့တယ် ကျွန်တော်တို့သူ့အတွက် မျှော်လင့်ချက်အရမ်းနည်းတယ်ဆိုတာ စိတ်မကောင်းစွာပြောပါရစေ သူ့ကံတရားအတိုင်းစောင့်ကြည့်ရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူးဗျာ"

ဆရာဝန်စကားအဆုံး ယမ်းသက်ပြင်းချလိုက်မိသည်။ သူဟာဘယ်လိုပဲ သခင်လေးအပေါ် မုန်းတီးနေပါစေ ဒီလိုအဆုံးသတ်တစ်ခုကိုတော့ စိတ်မကောင်းမိတာ အမှန်ပင်။

သက်သေမခိုင်လုံသဖြင့် အပြစ်မှယာယီကင်းလွတ်ခွင့်ရကာ ဒီမနက်ပိုင်းလေးတွင်သာ မြနန်းစံတော်ပြန်သွားသည့် သခင်လေး၏သတင်းဆိုးက သူ့ကိုအံ့သြသင့်စေခဲ့သည်...

သခင်လေးအိမ်အပေါ်ထပ်ဝရန်တာကနေ ပြုတ်ကျလာသည်တဲ့....

ထိုအကြောင်းကိုသူ့ထံဖုန်းဆက်ပြောလာသူက ထိုစံအိမ်တော်ကသူတစ်ခါမှ မရင်းနှီးဖူးသည့် မိငယ်..

အံ့သြစရာကောင်းသည်က မိငယ်လည်း သူ့ကိုမသိပါ။ ပို၍အံ့သြသင့်စရာ ကောင်းနေသည်က မိငယ်၏ပြောစကားများ...

"ဝုန်းဆို သခင်လေးအပေါ်ကနေ ပြုတ်ကျလာတယ် တစ်ကိုယ်လုံးသွေးတွေနဲ့. ဒါပေမယ့် သခင်လေးပြုတ်ကျလာတာ ဘယ်သူမှ မမြင်လို့လား မသိသလား တစ်ယောက်မှကို ပြေးမလာကြဘူး မိငယ်လည်းအော်သေးတယ် ဘာလို့မကြားကြလဲမသိဘူး မိငယ်သခင်လေးအတွက် စိုးရိမ်ပြီး ဘာလုပ်ရမှန်းမသိအောင်
အကြောက်လွန်နေတယ်..."

"မိငယ်. .အကို့ဖုန်းနံပါတ်ကို ဘယ်လိုသိပြီး ဆက်သွယ်လိုက်သလဲ..."

မိငယ်တံတွေးမြိုချလိုက်သည်။ ဖြူဆုတ်ဆုတ်မျက်နှာငယ်လေးဖြင့် သူ့ကိုမော့ကြည့်ကာ

"အဲ့ဒီအချိန်မှာ ဆရာမလေး အခန်းကနေ မိန်းကလေး တစ်ယောက်ထွက်လာတယ် "

"ဘယ်လို..."

"ဟုတ်တယ်.. သူမိငယ်နားဖျတ်ခနဲ့ ရောက်လာပြီး ဖုန်းဆက်ဖို့ ဖုန်းနံပါတ်ရွတ်ပေးတယ်"

"ကိုယ့်ဖုန်းနံပါတ်ကိုလား..."

"မိငယ်မသိဘူး ဘယ်သူ့ဖုန်းနံပါတ်မှန်းမိငယ် တကယ်မသိဘူး မိငယ်အရမ်းကြောက်နေခဲ့တယ် မိငယ်မှာကီးဘတ်ဖုန်းလေးတစ်ခု ရှိတယ်လေ ဆရာမပေးထားတာ မိငယ်စိတ်က ဘယ်လိုမှတားမရဘူး မိငယ်ဘာမှမလုပ်ရသေးဘဲ မိငယ်လက်တွေကအလိုလိုကို ဖုန်းခေါ်နေတာ.."

မြနန်းစံတော် - MyaNanSanTaw (Zaw+Uni) Where stories live. Discover now