Childhood-4

3.3K 308 4
                                    

Unicode

ရှောင်းကျန့်တို့မောင်နှမနှစ်ယောက် ဆရာကြီးအိမ်မှာနေခွင့်ရခဲ့တယ်။

ဆရာကြီးတစ်ယောက်တည်းနေတဲ့အိမ်မလို့ သိပ်မကြီးပဲ ခြံလေး၀န်းလေးနဲ့သပ်သပ်ရပ်ရပ်ရှိတဲ့ အဖြူရောင်တစ်ထပ်အိမ်လေး။

အခုဆိုရင် ရှောင်းကျန့်တို့ဆရာကြီးအိမ်ရောက်တာ နှစ်ရက်မြောက်နေ့ပင်။
ဒီကြားထဲ ပါးကလာမရှာခဲ့သလို အဆက်အသွယ်လုပ်ခြင်းတောင်မရှိ။

ကြည့်ရတာ ရှောင်းကျန့်နဲ့ချန်းချန်းက ပါးရဲ့ဘ၀မှာ အရေးမပါတဲ့တည်ရှိမှုမျိုး‌သာဖြစ်မည်။

"ကိုကို....ချန်းချန်းတို့ကဒီမှာတသက်လုံးနေရမှာလားဟင်"

"နေလို့ ဘယ်ဖြစ်မလဲညီမလေးရယ်၊အန်တီကျင်းစိတ်ဆိုးနေလို့ ကိုကိုခနလိုက်လာတာ၊သူများအိမ်မှာအပြီးနေလို့မရဘူးလေ၊ဆရာကြီးကိုလဲ အားနာဖို့ကောင်းတယ်"

"ချန်းချန်းက ဒီအိမ်ကိုကြိုက်လို့ဟာကို၊ဒီမှာဆို ကုတင်ကြီးလဲရှိတယ် အခန်းကလဲအကျယ်ကြီးပဲ"

"နောက်ကျရင် ချန်းချန်းဒီလိုနေလို့ရအောင် ကိုကိုကထားပေးမှာပေါ့"

"တကယ်လား?"

"တကယ် ကတိပေးတယ်"

"ယေး ဒါမှချန်းချန်းရဲ့ကိုကိုကွ....မွ!"

ရှောင်းကျန့်ပါးကိုနမ်းရင်းပြုံးရွှင်နေရှာတဲ့ညီမလေးကချစ်စရာ။

'ဒီကိုကိုက ညီမလေးအမြဲတမ်းပြုံးနေရအောင် အကောင်းဆုံးတွေချည်းဖန်တီးပေးမယ်လို့ ကတိပေးတယ်'

ရှောင်းကျန့် အိမ်အကူအန်တီကြီးကိုညစာကူပြီးပြင်ဆင်ပေးနေတုန်း မီးဖိုခန်းထဲကိုအန်တီယွီရင်၀င်လာတယ်။

"ရှောင်းကျန့်လေး ဘာတွေလုပ်နေတာလဲ...မီးဖိုချောင်အလုပ်တွေကူစရာမလိုပါဘူးဆိုသားရယ်၊မတော်တဆ အပူတွေ ဘာတွေလောင်ကုန်ရင်ဘယ်လိုလုပ်မလဲ"

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now