Chapter-12

2.8K 222 0
                                    

Unicode

ရိပေါ် သွားတိုက်ပြီးရေချိုးခန်းထဲကထွက်လာတော့ ကိုကိုက အိပ်ပျော်နေပြီဖြစ်တာကြောင့် ကုတင်ပေါ်အသာတက်ပြီး ဘေးကို၀င်လှဲလိုက်တယ်။

၀င်သက်ထွက်သက်တိုင်းမှာလှုပ်ရှားနေတဲ့ ကိုကို့ရဲ့မကျဥ်းမကျယ်ရင်အုပ်က ရိပေါ်ကိုလှိုက်မောစေသလို၊ဘေးတစောင်း‌မြင်နေရတဲ့ နှာတံစင်းစင်း၊ပိရိသေသပ်နေတဲ့နှုတ်ခမ်းနဲ့ထင်းနေတဲ့မေးရိုးတို့က အကြည့်မလွှဲနိုင်လောက်အောင်ညှို့အားပြင်းတာကြောင့် ရိပေါ်ရဲ့နှလုံးသားတစ်ခုလုံး အပြင်ကိုခုန်ထွက်မတက်ဖြစ်လာတယ်။

ခံစားချက်တွေကိုလဲ အရှိအတိုင်း၀န်ခံပြီးနောက်မှာ ပိုင်ဆိုင်ခွင့်ရမလား၊ဆုံးရှုံးသွားမလားဆိုတာ ရိပေါ်သေချာမသိ။

ကိုကိုပေးလာမယ့်အဖြေက ရိပေါ်အတွက်တော့ ရင်တထိတ်ထိတ်စောင့်နေရတဲ့ အရေးကြီးစာမေးပွဲရလဒ်တစ်ခုလိုပင်။

မနက်ဖြန်ဆိုတာသေချာတာမဟုတ်လို့ အနားရှိခွင့်ရတုန်း အချိန်တွေကိုရပ်တန့်ထားလိုက်ချင်သလို၊ အလဟဿကုန်ဆုံးသွားမှာလည်းမလိုလား။

ဒါကြောင့် အခုလိုအတူရှိနေချိန်မှာ အ၀ကြည့်ထားချင်တယ်။

"အင်းးးးးးးး"

ရှောင်းကျန့်ကအကြောဆန့်ကာညဉ်းရင်း ရိပေါ်ဘက်လှည့်လာတာကြောင့် ရှောင်းကျန့်နိုးပြီအထင်နဲ့ ရိပေါ်က အိပ်ချင်ယောင်ဆောင်တယ်။

ရိပေါ် ခိုးကြည့်တော့ ရှောင်းကျန့်ကအသက်ရှူသံငြိမ်ငြိမ်နဲ့အိပ်မောကျနေဆဲ။

ရှောင်းကျန့်က လက်တစ်ဖက်ကိုခေါင်း‌အုံးပေါ်တင်ထားတာမလို့ မျက်နှာရှေ့မှာကာထားသလိုဖြစ်နေပြီး နောက်တဖက်ကဖက်လုံးပေါ်ကိုတင်ထားတာတယ်။

မျက်နှာချင်းဆိုင်အနေအထားဖြစ်နေပေမယ့် မျက်နှာကိုသေချာမမြင်ရတာကြောင့်ရော၊ကြားကဖက်လုံးခြားထားတာကြောင့်ရော ရိပေါ်စိတ်ထဲအလိုမကျလာတာနဲ့ ရှောင်းကျန့်ရဲ့ဖက်လုံးပေါ်ကလက်ကိုအသာမ,ပြီး ဖက်လုံးကိုတော့ကုတင်အောက်ဆွဲလွှင့်ပစ်လိုက်တယ်။

Mʏ Lɪɢʜᴛʜᴏᴜsᴇ (Cᴏᴍᴘʟᴇᴛᴇᴅ)Where stories live. Discover now