Part-2 Unicode

790 68 2
                                    

လင်းဇီမင်းက အလန့်တစ်ကြားနဲ့ မျက်လုံးပွင့်လာပေမယ့် မမီလိုက်တော့ဘူး
ဒီကမွာမှာ သူ့ကို ပေးထားတဲ့ ရှင်သန်ချိန်က ကုန်ဆုံးသွားပြီ ဖြစ်လို့ သူ့ခမျာ နောက်ဆုံး ထွက်သက်ကိုတောင် ကောင်းကောင်းမရှုလိုက်ရရှာဘူး။

အဲ့အချိန်မှာပဲ ရှီဟယ့်မျက်နှာကတော့ ပူဆွေးမှုတွေနဲ့ ပြည့်နေတုန်းဖြစ်ပြီး တစ်ဖက်လူရဲ့ လက်နှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ထား၏။
ဘာလှုပ်ရှားမှုမှမရှိဘူး။

လင်းဇီမင်း "system မင်းမှားနေတာမဟုတ်ဘူးလား။ အခုနကအထိ ငါ့ကို အရမ်းချစ်နေတဲ့ လူတစ်ယောကိက အခုလို ချက်ချင်းကြီး တစ်စိမ်းတစ်ယောက်လို ဖြစ်သွားတယ်။ ဖြစ်နိုင်လို့လား"

System234 " ဘာအမှားမှမရှိဘူး
ငါအကြိမိပေါင်း များစွာ စစ်ဆေးပြီးပြီ
နှစ်သက်ခြင်းရမှတ်က မှားနေတာမဟုတိဘူး"

လင်းဇီမင်း "မဖြစ်နိုင်ဘူး။ သူငါ့ကို ချစ်နေတာအသိသာကြီးကို ဘာလို့ နှစ်သက်ခြင်းရမှတ်က၉၉မှတ်ကနေ ၀ ဖြစ်သွားတာလဲဆိုနေ။ "

System234
"ငါက system လူမဟုတ်ဘူး
လူတွေရဲ့ ချစ်ရေးချစ်ရာ ကိစွတွေကို ဘယ်လိုလုပ်သိမှာလဲ"

လင်းဇီမင်းက အရမ်းစိတ်ပျက်သွားတယ်
"အေးပါ မင်းကတော့ လူမဟုတ်လို့
ဒါပေမဲ့ သူက လူလေ။ ဘာလို့ ဒီလိုလုပ်နိုင်ရတာလဲ"

System 234 "မင်း ဒီတစ်ခေါက် ပစ်မှတ်ကို ကျရှုံးတယိ။ ဒါ့ကြောင့် ရမှတ်တစ်သောင်းအနှုတ်ခံလိုက်ရပြီ။ မင်း သုံးမိနစ်အတွင်း ကူးပြောင်းရတော့မယ်"

"ဘာရယ်
What the hell!
နေဦး။ ငါမပြောင်းချင်သေးဘူး......"

System 234"ပြောင်းလဲမှုကို စတင်လုပ်ဆောင်နေပါတယ်။

လင်းဇီမင်း ကဒေါသတကြီးနဲ့ " မဟုတ်ဘူး
ဒါ သက်သက်ငါ့ကို နှောင့်ယှက်တာပဲ
ငါ ပြန်လက်စားချေမယ်"

သုံးမိနစ်ဆိုတဲ့ အချိန်က အလျင်အမြန်ကုန်ဆုံးသွားတယ်။
လင်းဇီမင်းနဲ့ သူ့systemက ငြင်းခုံစကားများရင်းနဲ့ သူတို့ ရွှေ့ပြောင်းတဲ့ လမ်း‌ကြောင်းတစ်ဝက်ကို တောင်ရောက်နေပြီ။ ဒါ့ကြောင့် သူတို့တွေဟာ
ရှီဟယ် ရဲ့ နောက်ပိုင်းအပြုအမူတွေကို မြင်တွေ့ခွင့်မရလိုက်ကြရှာဘူး။

Strategy To Capture That Scum GongWhere stories live. Discover now