Baby's Breath[Part1]

204 16 18
                                    

Unicode

ကားပြတင်းပေါက်မှန်ကနေတစ်ဆင့် တဖွဲဖွဲ
ကျဆင်းနေတဲ့မိုးရေစက်တွေကို ငေးကြည့်နေမိတယ်

မေ့ပြစ်ချင်စရာ အမှတ်တရတွေကို
အခုထိတိုင်တွေးမိနေတုန်းပဲ

မေ့ပြစ်ချင်ပေမဲ့ မမေ့နိုင်တဲ့အခါ
အမုန်းဆိုတဲ့ အရာကိုခေါင်းစဥ်တပ်မိရင်း
မင်းကို အရမ်းမုန်းနေတုန်းပဲ

"တစ်ခါလောက် ထပ်တွေ့ချင်မိတယ်
ငါ့ကို စွန့်ပစ်ခဲ့ပြီး အရမ်းကိုပျော်ရွှင်နေရလား
သိချင်မိတယ်"

ကိုယ့်အတွက်သူက အရာရာဖြစ်ခဲ့ပေမဲ့
ကိုယ်က သူ့အတွက်ဘာမှမဟုတ်တဲ့အခါ
တကယ်ကိုခံပြင်းမိတယ်

"စိတ်ပျက်ဖို့ကောင်းအောင်ရွာနေတော့တာပဲ"

တော်တော်နဲ့တိတ်မှာမဟုတ်တဲ့မိုးကြောင့်
စိတ်ပျက်လက်ပျက်ရေရွတ်မိတယ်

မိုးရွာထဲကားမမောင်းချင်လို့ လမ်းဘေးထိုးရပ်ထားမိပေမဲ့ ပိုပိုသည်းလာတဲ့မိုးကြောင့်ဆက်မစောင့်ဖို့ဆုံးဖြတ်လိုက်ရတာပေါ့

ဒီလောက်စိတ်ရှုပ်စရာကောင်းတဲ့ မိုးဆိုတာ
ကြီးကို ကျွန်တော်အရမ်းသဘောကျခဲ့ဖူးတယ်ထင်တယ်

တစ်ယောက်သောသူကြောင့် လေ
ဘယ်လောက်တောင်ရူးလိုက်သလဲ

……………………........................................

မိုးမင်းကြီးက ကျောင်းသားတွေကိုပဲ ကျီစယ်
လေသလား မသိပေမဲ့ တစ်နေ့လုံးနေသာခဲ့ပြီး
ကျောင်းလွှတ်ချိန်ရောက်မှ သည်းသည်းမဲမဲ
ကိုရွာနေတော့တာ

"မေမေပွစိပွစိ ပြောလွန်းလို့ ထီးယူလာမိတာ
မှန်သွားတာပဲ"

မိုးရွာနေတာကြောင့် ထီးမပါတဲ့ကျောင်းသား
တွေအပြေးအလွှားထွက်ပြေးကုန်တာကြောင့်
အခြေနေကနဲနဲရုတ်ရုတ်သဲသဲဖြစ်သွားပြီးမှ
ပြန်ငြိမ်သက်သွားရော

ထီးလေးဆောင်းရင်း ထွက်လာတဲ့အချိန်
ကျောင်းဝင်းထဲ သစ်ပင် အောက်မှာ မိုးခိုနေပုံ
ရတဲ့ကလေးလေး တစ်ယောက်ကိုတွေ့မိတယ်

"အိမ်ကိုပြေးသွားရင်ပြီးရောကို မိုးကစဲမှာ
လဲမဟုတ်ပဲ အအေးမိကုန်တော့မှာပဲ"

Baby's breath Место, где живут истории. Откройте их для себя