Baby's Breath[Part 2]

81 12 20
                                    

Unicode

လေတဖြူးဖြူးတိုက်ခတ်နေတဲ့အတွက်
ချမ်းစေ့စေ့ဖြစ်နေရမယ့်အစား ကျွန်တော့်ရင်
ထဲမှာတော့ ပူလောင်နေမိတယ်

ကျွန်တော့်ရှေ့က ကောင်လေးက
ကျွန်တော့်ကို မျက်နှာလွှဲရင်း ကျွန်တော့်
အကြည့်တွေကိုရှောင်နေဆဲပဲ

"တစ်ခါလောက် ဆွဲထားပေးလို့မရဘူးလား "

သူသာ "မသွားပါနဲ့ hyung "ဆိုပြီး တစ်ခွန်း
လောက်ပဲပြောပေးရင်တောင် ကျွန်တော်
အားလုံးကို ငြင်းဆန်ပြီး သူ့အနားမှာပဲ
နေမိမှာ

"တောင်းပန်ပါတယ် ကျွန်တော်က hyungကို
ပြန်မချစ်နိုင်လို့"

"ပြန်ချစ်ဖို့ပြောနေတာ မဟုတ်ဘူးလေ
ဟွမ်းနုံးရာ hyungကို မသွားပါနဲ့လို့ပဲ တားပေးလို့မရဘူးလား "

အငြင်းခံရတာ မနာကျင်ပဲတော့မနေဘူးလေ

သူက ပြန်မချစ်နိုင်ရင်တောင် ကျွန်တော်ကပဲ
ချစ်နေရရင်ဖြစ်တာပဲဆိုတဲ့အတွေးနဲ့ ကိုယ့်ကိုကိုယ်နှစ်သိမ့်ခဲ့တာ

"တစ်ခါလောက်လေးပဲ တားပေးပါ "

အရာအားလုံးကိုစွန့်လွှတ်ပြီး
ကျွန်တော့်ကို မရွေးချယ်တဲ့သူဆီမှာပဲ
ပေကပ်နေဖို့ထိ ရူးနှမ်းခဲ့တာ

"ကျွန်တော်hyungရဲ့ဘဝထဲဝင်မစွက်ဖက်
ချင်ဘူး "

ဒီစကားလေး တစ်ခွန်းပြော
ပေးဖို့တောင် သူ့အတွက်အရမ်းကို
ဝန်လေးနေခဲ့တာလား

ကျွန်တော်က သူ့အတွက်ဘာမှမဟုတ်ဘူး
လား

"hyung တောင်းဆိုတာ အရမ်းကိုခက်ခဲနေလို့လား"

"တောင်းပန်ပါတယ်"

တောင်းပန်စကားဆိုရင်း လှည့်ထွက်သွား
တဲ့သူ့ကို လက်မလွှတ်နိုင်စွာ သူ့လက်ကို
လှမ်းဆွဲထားမိတယ်

"hyungကတောင်းပန်ပါတယ် တစ်ခါလောက်လေး လှည့်ကြည့်ပေးလို့မရဘူးလား"

လူတစ်ယောက်ကို ဘာလို့အဲလောက်ချစ်မိသွားလဲမသိပေမဲ့ သူမရှိတဲ့ နေ့ရက်တွေကိုမတွေးကြည့်ရဲလောက်အောင် ကြောက်တယ်

သူမရှိလို့မဖြစ်ဘူး ဆိုတဲ့အထိ
ကျွန်တော်သူ့ကိုချစ်ခဲ့တာ

Baby's breath Where stories live. Discover now