Baby's Breath[Part3]

37 5 2
                                    

Unicode

မသိမသာ hyungဆီ ခိုးကြည့်မိတော့
ဘာတွေတွေးပြီးငေးနေမှန်းတော့မသိဘူး
ပပြတင်းပေါက်အပြင်ဖက်ကိုတမျှော် တခေါ်
ကြည့်လို့

သူ့ဘာသူငေးတာက အကြောင်းမဟုတ်ပေမဲ့
ကျွန်တော်က ဗိုက်ဆာတယ်လေ

ကျွန်တော်အရင်ထမင်းစားသွားရင်လဲ
ဘာညာသလကာနဲ့အပြစ်ရှာပြောအုံးမယ်

"ဗိုက်ဆာလို့သေတော့မှာ ပဲ "

နားလည်မှုမရှိတဲ့ အထက်လူကြီး ကြားဖို့
မတိုးမကျယ် ပြောလိုက်မှ ကျောက်ရုပ်ကြီး
က အသက်တော့ရှင်လာသားပဲ

"ဗိုက်ဆာလား ကျွန်တော်တခုခု ဝယ်ပေးရမလား"

ကျွန်တော့်ဆီအကြည့်ရောက်လာတော့
အားတက်သရော မေးမိပေမဲ့ အဲဒီhyungက
တွေတွေကြီးငေးနေပြီးမှ ဘာပြောတယ်ထင်လဲ

"ငါမင်းကို အားကျမိတယ် "တဲ့

ဘာပြန်ပြောရမှန်းမသိတာမို့ ခေါင်းကုတ်ရင်း
ပြန်ရယ်ပြလိုက်မိတယ်

"ငါကပဲ ဘာတွေလေးလေးနက်နက်ဖြစ်နေမိ
မှန်းမသိဘူး မင်းကတော့ဘာမှမဟုတ်သလိုပဲ "

ဗိုက်ဆာရတဲ့အထဲ စကားကိုနားလည်အောင်
မပြောဘူး တကယ် ရူးချင်တော့တာပဲ

အပြင်ဘက်ကိုငေးနေတဲ့hyungက ထရပ်လိုက်ကာချွတ်ပြီး ခုံပေါ်တင်ထားတဲ့ အက်ျီကိုဝတ်နေတော့ ကျွန်တော် ပျော်သွားရတယ်

နောက်ဆုံးတော့နေ့လည်စာ စားရတော့မယ်မဟုတ်လား

"ဘာလဲဟ ငါ့ကိုဘာမှလဲမပြောသွားဘူး"

ဘာမပြောညာမပြောနဲ့ တစိုက်စိုက် ထွက်သွားတဲ့hyungကြောင့် အလိုမကျစွာရေရွတ်လိုက်မိတယ်

တံခါးတောင်ဆောင့်ပိတ်သွားသေးတယ်လေ

"ငါလဲမြန်မြန်သွားရမယ် ဗိုက်ဆာလို့သေ
တော့မယ် "

ကျွန်တော်လဲ ကပျာကယာ ထရပ်လိုက်ပြီး
ထွက်လာမလို့ လုပ်လိုက်တဲ့အချိန် လှမ်းနေတဲ့ ခြေလှမ်းတွေရပ်တန့်သွားတဲ့အထိ
လန့်သွားရတယ်လေ

တံခါးက ရုတ်တရက်ကြီးပြန်ပွင့်လာတာကိုး

"ခုနကmaryက ငါ့ကောင်မလေးမဟုတ်ဘူး
ခုလိုပြောတာ စိတ်ထဲလျောက်မတွေးနေနဲ့
ဒီတိုင်း ငါကလူတစ်ယောက်ကိုလွယ်လွယ်မချစ်နိုင် ဘူးဆိုတာ သိစေချင်ယုံပဲ"

Baby's breath Donde viven las historias. Descúbrelo ahora