အပိုင်း ၁၀

68.7K 7.9K 174
                                    

uni

မောင်က ပါးရိုးများတင်းနေအောင် အံကိုကြိတ်လျှက် အပါးတော်မြဲ မောင်ထွေးအား အေးစက်စက်မျက်လုံးများဖြင့် လှမ်းကြည့်လိုက်ရာ ကိုမောင်ထွေးလည်း အရိုအသေပေးပြီး အခန်းထဲမှအမြန်ထွက်သွား၏။

"သားငယ် အခြေအနေက သိပ်စိုးရိမ်ရသလား ဦးကြီးထွန်း"

"သည်ပုံအတိုင်းဆိုရင်တော့ဖြင့် နက်ဖန်မနက် ကျုပ်မြေးကိုဆေးရုံခေါ်လာဖို့ မောင်ရင့်ကို ကျုပ်​တောင်းဆိုချင်တယ်"

ဆရာ၀န်ကြီးကစကားကို လေသံခပ်ပြတ်ပြတ်နှင့်ပြောကာ ဆေးထိုး၊ဆေးလိမ်း လုပ်စရာရှိသည်တို့ကိုသာ တစ်ခုပြီးတစ်ခုလုပ်သွား၏။ထို့နောက် သောက်ရမည့်ဆေးတို့ကိုပေးကာ ကြီးမေနှင့် အောက်ထပ်သို့ဆင်းသွားရာ ကျန်သူများသည်လည်း အနောက်မှ ခပ်ကုပ်ကုပ်ဖြင့် လိုက်ပါသွားကြ၏။

အခန်းထဲတွင် လူသုံးယောက်ရှိနေသော်လည်း လူမရှိသကဲ့သို့ တိတ်ဆိတ်နေသည်။အတန်ကြာမှ မောင်က ကုတင်တဖက်စွန်းတွင် ၀င်ထိုင်ကာ အိပ်ပျော်နေသော နုဒါလေး၏ လက်သေးသေးအားဆုပ်ကိုင်ရင်း မျက်နှာမှောက်ချလိုက်သည်။ထို့နောက် တိုးလျသောရှိုက်သံ တစွန်းတစနှင့်အတူ မောင့်ပုခုံးနှစ်ဖက်သည်လည်း လှုပ်ခါနေ၏။

မိုမိုမှာသာ မျက်စိရှေ့ကမြင်ကွင်းအား မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။ယောက်ျားရင့်မာကြီးတစ်ယောက် ငိုကျွေးသောအခါ မည်သို့နေသလဲ မိုမိုမသိ။နှလုံးသားမဲ့သည့် ရက်စက်သောသားရဲကြီးဟု နာမည်ကြီးသည့် ထိုယောကျ်ား၏ငိုကျွေးနေဟန်မှာ သိပ်အထီးကျန်ဆန်ကာ သနားဖို့ကောင်းလွန်းသည်။ထို့ကြောင့် မတ်တပ်ရပ်နေရာမှ မောင်ထိုင်နေသော ကုတင်ဘေး၀င်ထိုင်ကာ ထိုအထီးကျန်ဆန်လွန်းသည့် ကျောပြင်ကြီးအား အသာပုတ်ပေးရင်း

"မောင့်အမှားမဟုတ်ပါဘူး မောင်ရယ်..."

မောင်က ခေါင်ငုံ့နေရာမှမော့ကြည့်လာ၏။ထိခိုက်နာကျင်နေဟန် မျက်လုံးအိမ်မှာနီရဲနေပြီး ဒါဏ်ရာရနေသော ကျားနာအသွင်ဆောင်နေသည်။

"မောင်ဟာ အသုံးမကျတဲ့ အဖေတစ်ယောက်ပဲမိုမို...သားကို ကာကွယ်ပေးမယ်လို့ ပါးစပ်ကသာ အသံကောင်းဟစ်နေပြီး တကယ်တမ်းကြ သား သည်လိုနှိပ်စက်ခံနေရတာတောင် မောင်နည်းနည်းလေးမှ မရိပ်မိခဲ့ဘူး..."

My excellent husband (Uni+Zaw) CompleteWhere stories live. Discover now