အပိုင်း ၁၈

63.7K 6.7K 244
                                    

Uni

အရီးတို့ရွာမှာ တစ်လနီးပါးနေခဲ့ပြီးမှ မိုမိုတို့မိသားစု မြို့တော်ရှိ ဘောင်ဒရီလမ်းနေအိမ်ခြံကြီးသို့ ပြန်လာခဲ့ကြသည်။ ကားကိုအိမ်ရှေ့ဆင်ဝင်အောက် ရပ်လိုက်သည်နှင့် မအေးရီတို့မှာ ဝမ်းသာအားရ လာကြိုကြပြီး ကားပေါ်မှအထုတ်များအပြင် မိုမို့ရင်ခွင်ထဲအိပ်ပျော်လာသည့် နုဒါလေးကိုပါ မနိုးအောင်ခေါ်သွားကြ၏။မိုမိုလည်း ကားပေါ်မှဆင်းပြီး အိမ်ထဲသို့၀င်မည်အပြု မောင်ကမိုမို့လက်ကို လှမ်းဆွဲထား၏။

"ဘာဖြစ်သလဲ မောင်"

"လာ မောင်နဲ့ခြံထဲလိုက်ခဲ့ဦး မင်းကိုပြစရာရှိတယ်"

မောင်ကမိုမို့လက်ကိုဆွဲကာ မောင်ချစ်လာပေးသည့် ထီးကိုလုံအောင်ဆောင်းပေးရင်း ခြံအနောက်သို့ ထွက်လာခဲ့၏။

"မောင်...သည်ဟာတွေက...."

မြင်လိုက်ရသည့်မြင်ကွင်းဟာ အံ့သြလွန်းသဖြင့် မိုမို စကားပင်မပြောနိုင်တော့။အိမ်အနောက်ရှိ မိုမိုသေဆုံးခဲ့သည့် ရေကန်ကြီးမှာမြေဖို့ထားပြီး ခြံစည်းရိုးပတ်လည်တစ်လျှောက်သည် သရက်၊ မန်ကျဉ်း၊ ပိတောက်၊ ကုက္ကို အစရှိသည့် အပင်ကြီးများဖြင့် စိမ်းစိုနေ၏။သစ်ပင်ကြီးများမှာ ခြံစည်းရိုးသာမက ခြံထဲဆင်းသည့် လျှောက်လမ်းတစ်လျှောက်တွင်လည်း စိုက်ထားပေးရာ မြင်ရသည်မှာ ကျိုးတို့ကျဲတဲ ဖြစ်မနေဘဲ ညီညီစီစီဖြင့် စိမ်းစိုနေ၏။

အပင်များကိုကြည့်ကာ ရယ်မြူးရိပ်သန်းနေသည့် ခင်ပွန်းလေး၏မျက်နှာကြောင့် မြို့အုပ်မင်းကြီး၏ စိတ်ဘ၀င်သည်လည်း ၀မ်းသာပီတိ ဂွမ်းဆီထိသကဲ့သို့ ခံစားရနေ၏။သည်အိမ်ကြီးသို့ စရောက်သည့်နေ့မှစကာ ရေကန်ကြီးဆီသို့ ခြေဦးပင်မလှည့်သော ကောင်လေးဟာ ရေကြောက်တတ်မှန်း ရိပ်စားမိခဲ့သည်။

ထို့ကြောင့်ကန်ကြီးအားမြေဖို့ရင်း ရိုးရှင်းသည်ကိုသာ သဘောကျတတ်သော ခင်ပွန်းငယ်လေးအတွက် နုရွကာရှုပ်ထွေးပွေလီလှသော ပန်းများထက် စိမ်းစိုသောသစ်ပင်ကြီးများကို စိုက်ဖြစ်ခဲ့သည်။မိမိဆုံးဖြတ်ချက် မှန်သည်ဆိုရမည်။ဆုလာဘ်အဖြစ် မျက်ဝန်းဝိုင်းဝိုင်းထဲမှ ကြယ်တာရာအစုအဝေးကြီးအား မြင်ခွင့်ရခဲ့လေသည်။

My excellent husband (Uni+Zaw) CompleteWhere stories live. Discover now