အပိုင်း ၂၄

53.3K 6.2K 454
                                    

Uni

ဘောင်ဒရီလမ်းရှိ မြို့အုပ်မင်းနေထိုင်သော အိမ်ကြီးသည် ယခင်နေ့များထက်ပိုကာ တိတ်ဆိတ်လျှက်ရှိနေ၏။အကြောင်းမှာ အနှီမြို့အုပ်မင်းကြီးသည် မြတ်နိုးရာခင်ပွန်းငယ်၏ ခြေထောက်ထက် ဒဏ်ရာတွေ့ရှိသွားသည်မှစ၏။တစ်အိမ်လုံးရှိ အလုပ်သမားများအား ဆူပူကာ ကြီးတော်ဖြစ်သူကိုလည်း ဧည့်သည်ကိုဘဲ အချိန်ပေးနေကာ သူ့ယောက်ျားကို ဂရုမစိုက်ဟု စကားနာထိုးသေး၏။

ထို့ကြောင့် တစ်အိမ်လုံးရှိ အလုပ်သမားများမှာ အသက်ပင်ရဲရဲမရှူရဲကြ။ကြီးကြီးဟာလည်း ဘုရားရှိခိုးဦးမည်ဟုဆိုကာ သူ့မြေးအားခေါ်ကာ အပေါ်သို့တက်သွားသဖြင့် မိုမိုတစ်ယောက်သာ ဧည့်ခန်းထဲ သနားစဖွယ်ကျန်နေခဲ့ရခြင်း။ဒဏ်ရာကသိပ်မကြီးသော်လည်း နက်၏။သို့သော်ရေခဲရိုက်မျက်နှာနှင့် ဆေးထည့်ပေးနေသောမောင့်ကြောင့် မိုမို့မှာနာပေမဲ့ မရုန်းရဲ။

"အဲ့တာက ဘာဖြစ်နေတာလဲ"

"နာလို့လေ။မောင်က ဆေးထည့်တာပဲကို ဖြေးဖြေးလေးမထည့်ဘူး သူ့အသားမဟုတ်တိုင်း"

"ဟောဗျာ...မောင်မှမသိဘဲကွ"

"ဟွန့် တမင်သက်သက်လုပ်ပြီးတော့"

"စွတ်စွတ်စွဲစွဲကွာ... ဒါဖြင့် နေလည်ဖုန်းဆက်မေးတုန်းကကြ ဘာဖြစ်လို့မပြောသလဲ ဒဏ်ရာရနေပါတယ်ဆိုပြီး"

"မောင်စိတ်ပူနေမှာ ဆိုးလို့လေ... ကျွန်တော်မောင့်အတွက်တွေးပေးပြီး မပြောတဲ့ဟာကို မောင်ကကျွန်တော့်ကို လာစိတ်တိုနေတယ်"

"မောင်က... ဘယ်မှာစိတ်တိုလို့တုန်းကွ"

"မောင်ပဲ ခုနကဖြင့်အော်နေပြီးတော့"

"အဲ့တာ အေးရီတို့သန့်ရှင်းရေး သေချာမလုပ်လို့ ဆူလိုက်တာပါဗျာ။ဒဏ်ရာရနေတဲ့ မောင့်ခင်ပွန်းလေးကို စိတ်တိုစရာလား"

ထိုအခါမှ လွင်မင်းခန်းမောင်အားရစ်ဖို့ကြံနေသည့် မုန့်ကျွဲသည့်လေးမှာ ရှက်ပြုံးလေးနှင့် ခေါင်းငုံ့သွားတော့သည်။

"ကိုင်း...ခုနေသာရဲ့လား။နောက်ဆို လမ်းလျှောက်ရင် အောက်ကြည့်လျှောက်နော်"

My excellent husband (Uni+Zaw) CompleteWhere stories live. Discover now