1.YOU ARE MY BABY ( Z + U )

2.8K 109 5
                                    

( Z )

ခမ်စိုင်း၏ငယ်ဘဝ

စိုင်းဆက်မော် ဆိုတဲ့ ကောင်လေးတစ်ယောက် ရှိတယ် ။
အဖေက စီးပွားရေးသမား အမေက အနုပညာရှင် 
အမြဲရန်တကျက်ကျက်ဖြစ်နေတဲ့ သူတို့ အိမ်ထောင်ရေးကြားမှာ ကြားညပ်နေတာ​က အသက် ၁၀နှစ်အရွယ် ကလေးငယ်လေး စိုင်းဆက်မော်ဖြစ်သည်။

အဖေက စီးပွားရေးသမား ပီပီ အပေါင်းအသင်း မိတ်ဆွေတွေနဲ့အပြင်မှာ အချိန်ကုန်သလို အမေကလည်း သူမရဲ့ရှူတင်ရိုက်ကွင်းတွေနဲ့သာ အချိန်ကုန်သည်။

မိသားစုထမင်းဝိုင်းဆိုတာ ဘာမှန်းမသိတဲ့ စိုင်းဆက်မော်ကတော့ ထူးပြီးပြောစရာမရှိဘူး။
အချိန်တန်သူတောင်းတောင်း မတောင်းတောင်း ရောက်လာတတ်တဲ့ မုန့်ဖိုးတွေ စာအုပ်တွေ လွယ်အိတ်အသစ်တွေ အဝတ်အစားအသစ်တွေ ။

သူငယ်ချင်းဆိုရလောက်အောင် ခင်ရတဲ့သူလည်းမရှိဘူး ။
သူ့အနားရောက်လာတဲ့လူတွေအကုန်လုံးက သူ့အမေရဲ့အရှိန်ကြောင့် သူ့အဖေရဲ့ဂုဏ်ဝါကြောင့်သာဖြစ်သည် ။ ခင်မင်မှုပဲဖြစ်ဖြစ် မေတ္တာတရားပဲဖြစ်ဖြစ် အစစ်အမှန်ဆိုတာ စိုင်းဆက်မော်အတွက် ရှားပါးတဲ့ပစ္စည်းတစ်ခုလိုပင် ။

သူ့အဖေကလုပ်ငန်းရှင်သူ​ဌေးကြီးလေ၊ သူ့အမေက ရုပ်ရှင်သရုပ်မင်းသမီးလေ ဆိုတဲ့ စကားတွေအောက်မှာ သူ့နာမည် စိုင်းဆက်မော်ဆိုတာ ပျောက်နေခဲ့သည်။

နွေးထွေးမှုမခံစားရတဲ့သူက အခြားသူတွေကိုတော့ ကြင်ကြင်နာနာဆက်ဆံချင်ခဲ့တယ် ။
ဒါပေမယ့် လူတွေရဲ့စိတ်ကို မှန်းရခက်ပြီးတဲ့နောက်ပိုင်း လူတိုင်းကို အေးတိအေးစက်သာ တုံ့ပြန်တော့သည်။

စိုင်းဆက်မော် ဆယ်တန်းတက်ခါနီးအရွယ်မှာ  သူရဲ့အမေ ရှူတင်တစ်ခုကအပြန် ကားအက်စီးဒန့်​ဖြစ်ပြီး ကွယ်လွန်သွားသည်။
အနုပညာလောကအတွက် ကြယ်တစ်ပွင့်ဆိုပေမယ့် စိုင်းဆက်မော်အတွက် အဲ့ဒီကြယ်ပွင့်လေးဟာ ဟိုးအရင်တည်းက အရောင်မှိန်နေခဲ့သည်။
ကြယ်တွေဆိုတာ တစ်နေ့ကြွေမယ်ဆိုတာသိတဲ့ စိုင်းဆက်မော်အတွက် ဘာခံစားချက်မှမရှိခဲ့ဘူး ။
အမေ လို့တောင် တစ်နေ့မှာ တစ်ခါတောင် ပုံမှန်မခေါ်ခဲ့ဘူးတာ ကွယ်လွန်သွားမှ အမေလို့ခေါ်ပြီး အော်ငိုနေမှာတော့ မဟုတ်ဘူး ။

YOU ARE MY BABYWhere stories live. Discover now