2.YOU ARE MY BABY ( Z+U )

1.5K 82 1
                                    


Floral Cafe>>>>

" ခမ်စိုင်း ရောက်လာပြီလား ထိုင်ဦး "

ခမ်စိုင်း ဒါရိုက်တာနဲ့မျက်နှာချင်းဆိုင် ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည် ။
ခမ်စိုင်းဘေးတွင် ဝေလုဝင်ထိုင်တော့ ဒါရိုက်တာက ဝေလုအားလှမ်းကြည့်သည်။
ဒါရိုက်တာ၏မျက်နှာအမူအရာကို မြင်သည့် ခမ်စိုင်းက

" မိတ်ဆက်ပေးရဦးမယ် ဒါက ကျွန်တော့်ရဲ့မန်နေဂျာ အစ်ကိုဝေလု
အလုပ်ကိစ္စအားလုံး အစ်ကိုကပဲစီစဉ်ပေးတာ
မဟုတ်ရင်တောင် ဒီကို အစ်ကိုတစ်ယောက်တည်းပဲ လွှတ်လိုက်ဖို့ "

ခမ်စိုင်း၏စကားအသွားအလာအရ ဝေလု၏လုပ်ပိုင်ခွင့်အာဏာကို ဖွင့်ချလိုက်သလိုဖြစ်တာကြောင့် ဒါရိုက်တာက ဝေလုကိုသေချာအကဲခတ်ကြည့်နေရင်းမှ အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။

ဝေလုကတော့ ဘာမှမပြောသလို မျက်နှာအမူအရာကအစ ပြုံးသည်မရှိ မဲ့သည်မရှိ ပကတိတည်ငြိမ်စွာ ။

ငါးမိနစ်လောက်ကြာတော့ ပရိုဂျူဆာဆိုသည့် အမျိုးသမီးရောက်လာသည်။
ခမ်စိုင်းရော ဝေလုပါ ထိုအမျိုးသမီးကို သိတာပေါ့။ သူမက ဝါရင့်သရုပ်ဆောင်မင်းသမီးတစ်လက်ပဲလေ။

သူမက ဒါရိုက်တာ၏ ဘေးခုံတွင်ဝင်ထိုင်ပြီး
လက်ကိုဘယ်ဘက်သို့ အနည်းငယ်ဆန့်ထုတ်လိုက်လျှင် အနောက်တွင်မတ်တပ်ရပ်နေသူက စာရွက်တချို့ပါသော ဖိုင်တွဲကိုပေးလာသည်။
ထိုသူက ဒါရိုက်တာ၏လက်ထောက်ဖြစ်သည်။

သူမက ဖိုင်တွဲကို စားပွဲပေါ်သို့ ညင်သာစွာချလိုက်လျှင် ဒါရိုက်တာကစ၍ စကားပြောလာသည်။

" ခမ်စိုင်း သိမယ်ထင်တယ် ဒါက... "

" ဟုတ်ကဲ့ ကျွန်တော်သိပါတယ် "

" ကိုယ့်နာမည်က ဟေသီနွယ် ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုဘူးလို့ထင်တယ် မင်းသိတဲ့အတိုင်းပဲ ကိုယ်က အနုပညာလောက်ထဲခြေချတာကြာတော့  ဝါရင့်သရုပ်ဆောင်လို ဖြစ်နေပြီ ဆုတွေလည်းရသင့်တာထက် ပိုရဖူးနေပြီ"

YOU ARE MY BABYWhere stories live. Discover now