ပြဿနာရှာခြင်း၏ နောက်ဆက်တွဲ

29.7K 614 8
                                    


[Unicode]စစ်သားဝတ်စုံ ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည်
အဆောက်အအုံတစ်ခု၏ ရုံးခန်းတွင်း စိုးရိမ်တကြီး
တံခါးဖွင့်ဝင်လိုက်သည် စားပွဲခုံရှေ့ရှိလူအား အော်
ပြောစဉ် သူ့အသံကတုန်နေသည်
"ဒုဗိုလ်ချုပ်ကြီး သတင်းဆိုးရှိပါတယ် မဒမ် နရံကို
ကျော်တက်ပြီး ထွက်ပြေးသွားပါတယ်"

ဒီသတင်းကိုကြားသောအခါ ထိုသူသည် မျက်ခွံများကို
ဖြေးဖြေးချင်းဖွင့်လိုက်ရင်း ဂရုမစိုက်ဟန်ဖြင့် ပြော
လိုက်သည်
"မင်းဘာလို့ ဒီလောက် ပျာယာခတ်နေတာလဲ ဒီလိုပုံနဲ့
မင်းဘယ်လိုလုပ် စစ်သားကောင်းတစ်ယောက် ဖြစ်နိုင်
မလဲ"

လူငယ်လေးကထစ်ထစ်အအနဲ့ ပြန်ပြောသည်
"ဒါ-ဒါ-ဒါပေမယ့် ဆရာဘဲ မဒမ့်ကို ထွက်မပြေးအောင်
အနီးကပ်စောင့်ကြပ်ရမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား"

"သူ့လုံခြုံရေးအတွက် လူနည်းနည်းရှာလိုက် မင်းအခု
သွားလို့ရပြီ" အမိန့်ပေးပြီးနောက် ထိုလူခေါင်းငုံ့ပြီး
စာရွက်စာတမ်းတွေ ဆက်ဖတ်နေလိုက်သည်

လူငယ်က ထိုသူဘာကြောင့်ဒီလိုလုပ်လဲ တကယ့်ကို
နားမလည်ဘူး တကယ်တော့ လွန်ခဲ့တဲ့ရက်အနည်း
ငယ်က အဖြစ်အပျက်တွေကို မသိတဲ့သူတစ်ယောက်မှ
မရှိဘူး ဘာဖြစ်လို့လဲဆိုတော့ မဒမ်က သူ့သူငယ်ချင်းအချို့နဲ့ ပါတီတွေသိပ်လုပ်တာကြောင့် ထိုသူဒေါသ
ထွက်ခဲ့သည် ဒီလိုဖြစ်ရင်တောင်မှ လူငယ်လေးက သူ့အတွေးတွေကို သူ့ဘာသာသိမ်းထားလိုက်သည်
သူက ထိုသူရဲ့အမိန့်များကိုနာခံရသေးသည်
"အမိန့်ကိုလက်ခံရရှိပါတယ် ဒုဗိုလ်ချုပ်ကြီး"

သူမြန်မြန်ပဲ မဒမ့်ကိုစောင့်ကြပ်ဖို့ လူအချို့ကို တာဝန်
ပေးလိုက်သည် အကယ်၍ မဒမ် ဘာတစ်ခုမှ အလွန်အကျွံမလုပ်ခဲ့ပါက ဒုဗိုလ်ချုပ်ကြီးသူတို့ကို သေတဲ့အထိ
ရိုက်လိမ့်မည်

လူငယ်လေးထွက်သွားပြီးနောက် ထိုသူရဲ့နဖူးတွန့်သွားသည် သူပြတင်းပေါက်ကနေကြည့်လိုက်သည်
ကနဦးကတော့ စာရွက်စာတမ်းတွေကြည့်ဖို့ အာရုံစူး
စိုက်ခဲ့သည် အပြောင်းအလဲက အနည်းငယ် မငြိမ်မ
သက်ဖြစ်စေသည် သူ့ပုံစံက အတော်လေးအေးဆေး
တည်ငြိမ်နေဆဲဖြစ်ပြီး သူဘာတွေးနေတယ်ဆိုတာ
မဆုံးဖြတ်နိုင်ဘူး

ချိုချိုဆွိဆွိBL OneshotများWhere stories live. Discover now