Part_1

1.5K 91 6
                                    

Hogwartsကျောင်းကြီးရဲ့ Hallခန်းကြီးအတွင်း hogwartsကျောင်းသားများအားလုံး စုရုံးရောက်ရှိနေကြကာ တစ်ယောက်တစ်ပေါက်နှင့်ဆူညံနေကြသည်။
အကြောင်းမှာကား.. သူတို့ရဲ့လစဉ်အကဲဖြတ် အမှတ်တွေကိုသိရှိဖို့အတွက်စိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေကြခြင်းပင်။ထိုအထဲတွင်Jinဆိုတဲ့Gryffindorကကျောင်းသားလေးလဲပါဝင်လေသည်။
Jinတစ်ယောက်စိတ်လှုပ်ရှားစွာနဲ့စောင့်ဆိုင်းရင်းဘေးဘီကိုဝေ့ကြည့်နေစဉ် သူရဲ့မျက်စောင်းထိုးထိုင်ခုံမှာ ထိုင်နေသောSlytherinကSUGAဆိုသူနှင့်အကြည့်ချင်းဆုံမိသွားသည်။SUGAကသူ့ကိုမြင်တာနဲ့ချက်ချင်းပင်မှေးကျဉ်းပေမဲ့စူးရှတဲ့မျက်ဝန်းတစ်စုံနဲ့ကြည့်ပီး မဲ့ပြုံးတစ်ခုသူ့ကိုပေးလိုက်လေသည်။ဆိုလိုချင်တာက'မင်းတို့အသင်းငါတို့ကိုမနိုင်ပါဘူးကွာ´ဆိုသည့်ပုံစံ။သူလဲဆက်ကြည့်မနေတော့ပဲမျက်နှာလွှဲလိုက်ကာသူ့ဘေးကMinieဘက်လှည့်လိုက်လေသည်။Minieကလဲစိုးရိမ်စွာနဲ့သူ့ကိုပြန်ကြည့်ပီးသူ့လက်ကိုဆုပ်ကိုင်လိုက်တယ်။ထိုစဉ်Hallတံခါးကြီး ရုတ်တရက်ပွင့်ပီး အခုနကဆူညံနေသံများဟာလဲ မီးကိုရေဖြင့်ငြိမ်းလိုက်သလို ရှဲခနဲငြိမ်သက်သွားလေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့ရဲ့resultsကိုကြေငြာဖို့ Hogwartsရဲ့ကျောင်းအုပ်ကြီးဖြစ်တဲ့ Mr.Bang နှင့်အတူအခြား ကျောင်းဆရာများဝင်ရောက်လာခြင်းကြောင့်
ဖြစ်သည်။
Mr.Bang : ကဲ အခုဆိုရင်ကျောင်းသားများအားလုံးစိတ်လှုပ်ရှားနေကြရောပေါ့
Students : ဟုတ်ပါတယ်!!!
Mr.Bang : ဒီတစ်ခေါက်ရလဒ်မှာ ပထမနဲ့ဒုတိယ ရတဲ့အသင်းကအမှတ်သိပ်မကွာဘူးကွဲ့ ပထမကဘယ်သူတွေဖြစ်မယ်ထင်ကြလဲ
Students : Gryffindor!!!Slytherin!!!
ကျောင်းသားများမှာ ပထမကိုအမြဲဗိုလ်လုနေကြအသင်း၂သင်းရဲ့အမည်တွေကိုအပြိုင်အဆိုင်အော်နေကြတယ်။Jinကတော့စိတ်ထဲကနေသာ Gryffindorပဲဖြစ်ပါစေ ဆိုပီးကြိတ်ဆုတောင်းနေမိတယ်။
Mr.Bang : ကဲကဲ ကလေးတွေငြင်းမနေကြနဲ့ပီးရင်အဖြေကသိရမှာပဲကို..
Students : ပြောပြပါတော့!!သိချင်လှပီဗျို့!
Mr.Bang : ကဲဒါဆိုအမှတ်အနည်းဆုံးရတဲ့အသင်းကနေစပီးကြေငြာမယ်။
အဲ့အသင်းကတော့..အမှတ်၅၆မှတ်နဲ့Ravenclawပဲဖြစ်တယ်။မင်းတို့ဆက်ကြိုးစားရမယ်။
Some students : ဟင်းးးးသွားပါပီ~..
Ravenclawမှအသင်းသားများအားလုံးလေးလံစွာငြီးငြူကြသည်။
Mr.Bang : ကဲတတိယရတဲ့အသင်းကတော့
၇၃မှတ်နဲ့Hufflepuffဖြစ်ပါတယ်။
Some students : ဟေးးဝါးးးတော်သေးလို့နောက်ဆုံးမဟုတ်လို့..ပထမနဲ့ဒုတိယကိုသိချင်နေပီဗျိုးး
Mr.Bang : ဟုတ်ပီကြေငြာမယ် Gryffindorက...၉၆မှတ်ဖြစ်ပီးတော့...Slytherinက...၉၈မှတ်နဲ့ Slytherinကပထမရသွားပါတယ်!!!!
Students : ဟေးးး!!!!Congratulation!!!
ဖြောင်းဖြောင်းဖြောင်း
ကျောင်းသားများရဲ့တခဲနက်ချီးကျူးသံနဲ့လက်ခုပ်သံများဟာကျယ်လောင်စွာထွက်ပေါ်လာခဲ့တယ်။
Gryffindorအသင်းသားများလဲပထမ မရလို့စိတ်မကောင်းကြပေမဲ့ သူတို့လဲသူများနည်းတူSlytherinအသင်းကိုချီးကျူးပေးခဲ့ကြသည်။
ဒီလိုနဲ့Resultsကိုကြေငြာပီးတော့ အကုန်လုံးအခန်းထဲမှာအသီးသီးထွက်သွားခဲ့သည်။Jinကတော့နောက်ဆုံးမှာကျန်နေခဲ့တယ်။အဲ့ချိန်သူ့နားကိုSUGAကရောက်လာပီး..
SUGA : မင်းပထမရမယ်လို့ထင်နေတာလား
မင်းလိုမိဘမဲ့၁ကောင်ကြွက်ကငါတို့လိုမှော်မျိုးရိုးမြင့်သမားတွေကိုနိုင်မယ်များထင်နေတာလား။
Jin : ငါလဲလူပဲလေ အနိုင်ရချင်တာပေါ့။ငါကမင်းကိုတစ်သက်လုံးမယှဉ်နိုင်တော့ဘူးများထင်နေတာလား။မင်းစောင့်ကြည့်နေ၊နောက်လကျရင်ငါတို့အသင်းနိုင်စေရမယ်။
SUGA : hkk..အလကား!အခြေအမြစ်မရှိတဲ့ကောင်ကများ!!
SUGA၏နှုတ်ခမ်းပါးတွင်မဲ့ပြုံးတစ်ခုချိတ်ဆွဲကာJinရဲ့ပုခုံးကိုတွန်းတိုက်ပီးHallထဲမှထွက်သွားတော့သည်။
Jinကတော့နောက်လသူတို့အသင်းအနိုင်ရစေရမယ်ဟု ဆုံးဖြတ်ကာကျန်နေခဲ့တော့တယ်။

In Love With MagicTempat cerita menjadi hidup. Temukan sekarang