(18)

1.6K 95 3
                                    

••••••••••

     "ဒီဘ၀မှာ ပေါင်းစပ်ခွင့်မရနိုင်တော့လည်းနောင်ဘ၀မှာ Jen ဆုတောင်းထားပါတယ်။ တို့အချစ်ရေးကြားမှာ ဘာအတားအဆီးမှ မခံထားပါစေနဲ့။
Jen Jisoo ကိုချစ်တယ်။ "

"မမျှော်လင့်ထားတဲ့လူတစ်ယောက်ကိုကျွန်မဘ၀ထဲရောက်ရောက်လာတတ်တယ်။ "

မိုးတွေတိတ်သွားတယ်လို့ ထင်ထားသလိုမဟုတ်ပဲ ကျွန်မကိုယ်ပေါ်တစ်ခုခုလာကာထားပေးတာ။
အဲ့အချိန်လေးမှာ ပဲနွေးထွေးသောနေရာလေးတစ်ခုကျွန်မရောက်သွားခဲ့သည်။

မျက်လုံးလေးဖွင့်ကြည့်ပေမဲ့ဘာမှမမြင်နိုင်ခဲ့ဘူးနာကျင်ကိုက်ခဲလွန်းလို့ ကျွန်မကိုယ်လေးပျော့ညံ့သွားပြီး ဒီမှာပဲကျွန်မလောကလေးကအကုန်မှောင်သွားခဲ့ပြီ။ဘယ်သူလဲဆိုတာသိခွင့်မရှိပေမဲ့ သူ့ရင်ခွင်ထဲကဘယ်လိုနွေးထွေးနေတာလဲဆိုတော့ ခုထိခံစားနေရတုန်းပဲ။

    အရပ်လေးမျက်နှာမှာအဆုံးကိုမမြင်နိုင်သော ပင်လယ် သမုဒ္ဒရာ ကြီးထဲမှာတစ်ယောက်ထဲရေတွေကိုကြိုးစားပြီးကူးနေတယ်။ကူးရင်းကူးရင်းနဲ့ အားကုန်သွားခဲ့တယ်။ ဆက်ကူးဖို့မရနိုင်တော့၍ ပင်လယ်ကြီးထဲ
နစ်မြှော၀င်သွားချိန်လေးမှာ တစ်စုံတစ်ယောက်က လက်လေးကိုလာဆွဲကိုင်ထားခဲလို့  ဘ၀ရဲ့သေမင်းလက်ထဲ လွတ်မြှောက်သွားခဲ့တယ်။

     မျက်လုံးလေးဖွင့်လာတဲ့အချိန်မှာ အလင်းရောင်တောက်ပနေသောတစ်နေရာကို
ရောက်ခဲ့သည်။ ဘေးပတ်၀န်းကျင်ကို လှည့်ကြည့်မိတယ်ဒါမဲ့
ဘယ်သူမှမတွေ့ခဲ့ဘူး။

"သတိရလာပြီလား ဘယ်လိုလဲ
အဆင်ပြေရဲလား"

ကုတင်ခေါင်းနားလေးကတစ်ညလုံးသူ့ကိုထိုင်စောင့်ခဲ့တယ်။ တော်တော်လေးကို သတိပြန်မရ
ခဲ့လို့ Lisa သူ့ကိုတစ်ယောက်ထဲ
မထားစေချင်ဘူး
တစ်ဖြေးဖြေးနဲ့ သူမျက်လုံးလေးဖွင့်လာတော့ မသိခဲ့ပေမဲ့
စိတ်ပူတဲ့အနေနဲ့ Lisa မေးခဲ့သည်။

True love Right Person Where stories live. Discover now