💚Part-28💚[Uni+Zaw]

1K 131 10
                                    

~Unicode~

"အကိုတို့...အကိုတို့.."

ပင်ကီတစ်ယောက် သူ့ရဲ့သူငယ်ချင်းတွေကိုတောင်
မစောင့်ပဲနဲ့ ကျွန်တော်တို့ဆီကို အလောသုံးဆယ်
အော်ခေါ်ရင်းပြေးလာပါတယ်။

"ညီမလေး ဘာတွေများ အရေးကြီးလို့ ဒီလောက်
ပြေးလာရတာလဲ ဖြေးဖြေးလာလည်း ရတာကို"

Teeတယောက်ကတော့ အေးဆေးစွာနေတတ်သူမို့လို့
စကားကို အလောတကြီး ပြောစရာမလိုကြောင်း မှာတမ်းခြွေ
နေတယ်။

"ဟဲ့...ပင်ကီ..ဟော်ဟဲ..နင်..ဆိုသည်မှာလည်း..ဟော်ဟဲ..
အမယ်လေး..မောတာ...ငါတို့ကို မစောင့်ပဲ ပြေးရလားဟ"

ရိုစီတယောက် ပင်ကီနောက်ကနေ အတော်ပင်ပြေးလိုက်ခဲ့ရ၍ အရမ်းမောနေပါတော့တယ်

ပင်ကီ-ဟီး..ငါက နင်မှီမယ်ဆိုတာ သိပြီးသားပါ

Tar-ညီမလေး ခဏလေးစောင့်ဦး အကို ဟိုဘက်နားကဆိုင်မှာ ရေသွားဝယ်လိုက်ဦးမယ်

Tine-နှာ...ဘူး..
Tar-မင်း ဘာပြောလိုက်တာ
Tine-အော်..ငါမနက်က အအေးမိတာလားမသိဘူး
နှာပိတ်နေလို့ ရူဆေးဘူး ရှိလားမေးတာပါကွာ

Tee-အေးလေ မင်းကဘာတွေကြားနေတာလဲ
သွားသွား..ဝယ်စရာရှိတာ မြန်မြန်သွားဝယ်

Teeလည်း ထွက်သွားရော Tineက အားရပါးရ
အော်ရီပလိုက်တော့တယ်။သူပြောချင်တဲ့စကားကို
Tarကလွဲရင် အကုန်သိတယ်လေ

Tee-‌ငတုံးကောင်...သူ့ကိုဘာပြောချင်မှန်းတောင်
မသိဘူးဟားဟား

ဒေလီ-ဟာ...လူစုံတက်စုံနဲ့ စကားဝိုင်းကောင်းနေကြတာလား
ဟီး..ညီမလာတာ နည်းနည်း နောက်ကျသွားတယ်

ပင်ကီ-ဒေလီ..နင်နောက်နှစ်မှပဲ လာတော့ပါလား
အရမ်းတွေ စောလွန်းအားကြီးနေလို့ ဟွန့်

ဒေလီ-ချစ်သူငယ်ချင်းလေးကလည်း ငါအိပ်ရာထနောက်ကျတတ်မှန်း နင်သိသားနဲ့ကို

ရိုစီ-ကာလနဂါးနဲ့ အမျိုးတော်ထားတာကိုး အဲ့လောက်တော့
ရှိမှာပေါ့

ဒေလီ-နင် မှန်တယ် ဟားဟား

ဒေလီဆိုသည်မှာလည်း သူငယ်ချင်းများက အပြင်သွားဖို့
တခုခုချိန်းလိုက်ရင် အဲ့ချိန်းတဲ့နေရာကို နောက်ကျမှပဲ
ရောက်တတ်သောသူလေးပါ
အကယ်၍...သူစောစောထခဲ့သည့်နေ့တနေ့ရှိခဲ့ရင်
ကျွန်မတို့ အရင်ဆုံးထီပြေးထိုးပလိုက်ပါ့မယ်

2gether new ver(အလွဲများနဲ့အချစ်)CompletedWhere stories live. Discover now