💚Part-48💚(U+Z)

805 110 8
                                    

~Unicode~

Tineရဲ့​​မေ​မေတစ်​ယောက် စိတ်က သားမက်ဖြစ်လာမယ့်
သူရဲ့​နောက်သို့ ပါသွားပါတယ်။ဘာ​ကြောင့်လဲဆို​တော့..
မီးဖိုခန်းထဲမှာ သူ့သား​လေးက ရှိ​နေတယ်​လေ။

'အခုနက သားမက်​လေးထသွားတာကို
မမြင်ဘူးများထင်​နေတာလား
သူဘာ​တွေလုပ်မလဲဆိုတာ သိချင်လို့ မမြင်ချင်​ယောင်​ဆောင်
​ပေးလိုက်တာ ​ကျွန်မ​တော်တယ်မလား'ဆိုပြီး
Tineအ​မေစိတ်ထဲတွင် ​ရေရွတ်​နေတယ်

ပင်ကီတ​​ယောက် သူတို့နဲ့စကား​ပြော​နေရင်း
ဟိုဟိုဒီဒီ​တွေးမိပြီး ပြုံးစိစိဖြစ်​နေတဲ့
အန်တီကို ကြည့်​နေလိုက်တယ်။ဒါနဲ့ပဲ..ရိုစီနဲ့​ဒေလီကို
လက်တို့ပြီး​ အသံတိုးတိုး​လေးနဲ့ ​ပြောတယ်။

ပင်ကီ-"ဟဲ့..အန်တီဘာ​တွေ ​တွေး​နေတာလဲ မသိဘူး
​မေးကြည့်လိုက်ကြမလား"

ရိုစီ-အင်း ​မေးကြည့်လိုက်တာ ပို​ကောင်းတယ်
​ဒေလီ​..နင်​​ကော?

ရိုစီတစ်​ယောက် ​ဒေလီကို ​မေးတဲ့အချိန်မှာ သူ့မျက်လုံး
​တွေက ​​ပြော​နေတဲ့သူအ​ပေါ်မှာ မရှိပဲ ​​ရှေ့​ရှေ့တည့်တည့်က
လူနှစ်​ယောက်ဆီမှာပဲ ကပ်နေတယ်။
ဒါနဲ့ပဲ သူလည်း ​မေးမ​နေ​တော့ပဲ လွှတ်ထားလိုက်တယ်။

"ထားလိုက်​တော့ပင်ကီ ​နောက်ပြီးမှ ​ပြောပြလိုက်ရ​အောင်"

"​အေး​အေး"

'အဟမ်း..အန်တီ'

Tineအ​မေက ပင်ကီရဲ့အသံ​ကြောင့် ​နည်းနည်းလန့်သွားတယ်။

"ဟို​လေ..အန်တီအခုနက.."

"ဘာ​တွေစဥ်းစား​နေလဲ ​မေးမလို့မလား"

အန်တီအ​ဖြေ​ကြောင့် ပင်ကီနဲ့ရိုစီတို့ တ​ယောက်ကိုတ​ယောက်
ပြန်ကြည့်​နေကြတယ်။နှစ်​ယောက်လုံးရဲ့အ​တွေးထဲတွင်....

"ကြိုပြီးသိ​နေတာလား??"

ရိုစီ-ဟုတ်တယ်အန်တီ ဒါနဲ့​လေ သမီးတို့​​မေးမယ့်စကားကို
ဘယ်လိုကြိုသိ​နေတာလဲ..ဟီး

"အန်တီ့အ​ကြောင်းကို သား​လေးမ​ပြောပြထားဘူး
ထင်တယ်"

ပင်ကီ-"အမ်!!!ဘာအ​ကြောင်းလဲအန်တီ"

2gether new ver(အလွဲများနဲ့အချစ်)CompletedWhere stories live. Discover now