Chapter 27(uni)

3.3K 169 10
                                    

မျက်နှာချင်းဆိုင်တွေ့နေရတာတောင်မမြင်ချင်ယောင်ဆောင်နေသောသခင်လေးကြောင့်ခြေလှမ်းတွေကိုသခင်လေးဆီဦးတည်ပစ်သည်။

"ကိုယ်တို့စကားပြောရအောင်သခင်လေး"

"ပြောစရာမရှိဘူး...ရှိလည်းကျွန်တော်မအားသေးဘူး"

ဘေးမှာရှိနေသောဟိုမိန်းမရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီးမြှောက်ပြကာပြောသည်။

ကိုယ့်ရှေ့မှာပင်မိန်းမတစ်ယောက်ရဲ့လက်ကိုဆုပ်ကိုင်ထားသောသခင်လေးနားရွက်ဖျားနားထိတိုးကပ်သွားလိုက်ပြီး

"ကိုယ်အေးဆေးပြောနေတုန်းလိုက်ခဲ့...မဟုတ်ရင်ဒီမှာဖက်နမ်းပစ်မယ်"

ငြိမ်သက်နေသောမျက်ဝန်းသေတွေနဲ့ဖြတ်ကနဲလှည့်ကြည့်လာသည်။သခင်လေးခေါင်းလေးအနည်းငယ်စောင်းကျလာပြီးကိုယ့်ပါးပြင်ဘေးကနေအသက်ရှုလေနွေးနွေးလေးရိုက်ခတ်သွားသည်။

"ခမ်းကျွန်တော့်ကိုနမ်းရင်ကျွန်တော်လည်းဟန်ယွန်းကိုနမ်းမယ်"

ဟန်ယွန်း....
သခင်လေးဆုပ်ကိုင်ထားသောလက်ပိုင်ရှင်၏အမည်နာမ...
မကြာခင်မှာကိုယ့်ဒေါသတွေအောက်အပြစ်ပေးခံရတော့မည့်ကောင်မလေး၏လက်ဖဝါးနုနုများ။မင်းမထိသင့်တဲ့သူကိုထိမိပြီ။

"အေးဆေးနေဗျာ...ကျွန်တော်ဒီကပြန်ရင်ခမ်းအိမ်မှာစောင့်နေမယ်....ခမ်းရဲ့partnerကိုလိုက်ပို့ပြီးရင်ပြန်လာခဲ့"

" အစထဲကအဲ့လိုပြောရင်မြွေကိုက်မှာစိုးလို့လား"

"မဟုတ္ဘူး...ခင်ဗျားဂျိုကစ်နေတာမြင်ချင်လို့"

နားရွက်ဖျားနားထိစောင်းငဲ့ထားသောသခင်လေးမျက်နှာလေးပြန်တည့်မတ်သွားသည်။

"ဟန်ယွန်းသူကကိုယ့်အသိ...Rayရဲ့leader ခမ်းနားထည်ဝါ"

"တွေ့ရတာဝမ်းသာတယ်ကောင်မလေး"

ကိုယ်ကမ်းပေးလိုက်သည့်လက်ကိုပြန်ဆွဲကာနှုတ်ဆက်လာသည့်ဟန်ယွန်း

"ဟုတ်...နာမည်ကိုကြားဖူးထားပါတယ်"

"အဲ့တာဆိုကိုယ်တို့ပြန်ရအောင်ဟန်ယွန်း"

No one but you(OR)The Mafia Guys[completed]Where stories live. Discover now