Chapter 29(uni)

3.3K 170 11
                                    

စိတ်ပျက်လက်ပျက်နှင့်ထိုင်နေရင်းမှချွေးတွေတစ်ကိုယ်လုံးရွှဲလာတာကြောင့်ဘောင်းဘီထဲထည့်ဝတ်ထားသောအကျီၤကိုဆွဲထုတ်ရာမှအကြံတစ်ခုရသွားသည်။ခါးပတ်ကိုလက်နှင့်ထိမိကာမှသတိကပြန်ဝင်လာသည်။

"ခါးပတ်...ဟုတ်တယ်...ခါးပတ်ကပဲငါ့ကိုကယ်နိုင်တယ်"

အိပ်ခန်းတံခါးကိုမြန်မြန်ဆွဲဖွင့်လိုက်ပြီးနှာခေါင်းကိုအကျီ ၤစနှင့်ဆွဲအုပ်ပြီးနောက်ဝင်လာလိုက်သည်။အခန်းထဲကမီးခိုးငွေ့တွေကြောင့်မျက်လုံးတွေမွှန်လာသည်။တစ်ခန်းလုံးမီးမစွဲသေးပေမဲ့အခန်းတံခါးကိုမီးလောင်နေပြီဖြစ်သည်။ကုတင်အောက်ကအကန့်ကိုဆွဲဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက်အကန့်တွေထဲမှာခွေထည့်ထားသောခမ်းရဲ့ခါးပတ်တွေအကုန်လုံးကိုမြန်မြန်ဆွဲထုတ်လိုက်ပြီးအခန်းတံခါးကိုပြန်ပိတ်ကာဝရန်တာကိုပြန်ထွက်လာခဲ့သည်။

ခါးပတ်ဆယ်ချောင်းလောက်ကိုတစ်ခုနှင့်တစ်ခုချိတ်ဆက်လိုက်ပြီးထိပ်ဆုံးတစ်ခုကိုတော့ဝရန်တာလက်ရန်းမှာသုံးပတ်လောက်ခိုင်မြဲစွာချိတ်ပြီးပတ်လိုက်သည်။ဒုတိယထပ်မှာရောက်နေတာကြောင့်ခါးပတ်ဆယ်ချောင်းဖြင့်ချိတ်ဆက်ထားသောအရှည်ကဆက်ကိုအောက်ရောက်အောင်စွမ်းဆောင်ပေးနိုင်သည်

စနစ်တစ်ကျလေ့ကျင့်ထားဖူးသောကြောင့်အချိန်ခဏလေးအတွင်းခါးပတ်ကိုအသုံးပြုကာမှန်တွေကိုခြေထောက်နှင့်အားပြုရင်းမြန်မြန်ဆင်းလာခဲ့သည်။မှန်နံရံတွေကိုကာထားသောလိုက်ကာတွေမီးလောင်ကုန်တာကြောင့်မှန်တွေမဲနေပေမဲ့တစ်ချို့နေရာတွေကနေအိမ်ထဲကိုမြင်နေရသည်။မီးခိုးငွေ့တွေနှင့်ပြည့်နှက်နေပြီးအချို့အရာဝတၳုတွေမီးစွဲနေဆဲဖြစ်သည်။

"ဟူး....လွတ်မြောက်ပြီ"

ရေကူးကန်ထဲကျမသွားအောင်စနစ်တကျဆင်းလိုက်နိုင်တာကြောင့်စိတ်ကိုလျော့ချလိုက်ပြီးသက်ပြင်းမောတစ်ခုကိုချမိသည်။ပြီးနောက်ခါးပတ်ကြိုးအောက်ခြေကိုပြန်ခွေလိုက်ကာအားယူပြီးနောက်ဝရန်တာပေါ်ပြန်ရောက်အောင်ပစ်တင်လိုက်သည်။

ကြိုးကိုမြင်လျှင်ရှို့မီးလို့ထင်နေအုန်းမည်။အ
ပေါ်ထပ်မှာမီးလောင်သွားပါစေ။အိမ်ရှေ့လမ်းပေါ်ကCCTVတွေမှာကိုယ့်ကိုဖမ်းမိထားလိမ့်မည်။အိမ်ထဲမဝင်ခင်အထိတော့အထဲမှာလူရှိတယ်ထင်နေလိမ့်မည်။မဟုတ်လို့
တွေ့သွားရင်ဂျေးထဲအောင်းနေရအုန်းမည်။ကိုယ်ရောက်နေတာသူစိမ်းနယ်မြေ၊ကိုယ့်ပိုင်နက်မဟုတ်သောကြောင့်အနည်းငယ်သတိထားလိုက်တာကောင်းမည်။ကိုယ့်နိုင်ငံမှာတော့ကိုယ်ဘုရင်ဘဲ။လုပ်ချင်တာလုပ်နိုင်သည်ဥပဒေလည်းဂရုမစိုက်၊မဟုတ်ဘူးဥပဒေကကိုလာမထိရဲတာ။သူတို့ပြဋ္ဌာန်းထားတဲ့ဥပဒေတွေဘယ်လောက်များလဲဆက်မသိ။မင်းဆက်စေတန်ရဲ့ဥပဒေကတော့တစ်ခုပဲရှိသည်။သူ့ကိုလာထိတဲ့သူမှန်သမျှသေရမည်ဆိုတာပင်။

No one but you(OR)The Mafia Guys[completed]Where stories live. Discover now