Special Extra-1

6.1K 468 13
                                    

ခွန်း❤လွန်း💛သွန်း💚
အနမ်းခြွေမယ်ကလေး S-2

Special Extra-1

မင်းမြတ်ခွန်းနဲ့မင်းမြတ်သွန်း

"အဘိုးကြီး ထတော့လေဗျာ....."

"အွန်းးး...."

ဦးမင်းမြတ်သွန်း ဦးမင်းမြတ်ခွန်းကို နိုးနေပေမယ့် ထမလာ။ လူးလွန့်သာနေသော ကိုကို့ကို မျက်စောင်းထိုးလိုက်မိသည်။

မနက်စာစားဖို့ ကလေးတွေတောင် အဲ့လောက်မနိုးရဘူး ။သူကနိုးနေရသည်လေ။ထို့ကြောင့် စောင်ပုံထဲခေါင်းမှီးခြံထားတဲ့ ကိုကို့အား အနားသွားကာ လှုပ်နိုးနေမိသည်။

"ကိုကိုရေ ထတော့လို့ အဘိုးကြီး....."

"ဟာ...ဘာအဘိုးကြီးလည်း မထဘူးကွာ... မထဘူး...."

အမယ် ခေါင်းပေါ်အောင် စေညင်ကိုဆွဲလှန်လိုက်တာ သူ့ကိုအဘိုးကြီးခေါ်လို့တဲ့ နူတ်ခမ်းကြီးထော်ကာ စောင်ပြန်ခြုံအိပ်သွားပြန်သည်။စောင်ကြီးကို အတင်းဆွဲလှန်လိုက်ကာ ကုတင်အောက်ကိုပြစ်ချလိုက်မှ ဦးမင်းမြတ်သွန်း မိမိကိုယ်ကို မှားမှန်းသ်ိတော့သည်။

သို့သော် အမှားကပြင်ချိန်တောင်မရလိုက် ပါ။ ကိုယ်တုံးလုံးကြီး ဘာအဝတ်မှမရှိပဲ အိပ်နေတဲ့ ဦးမင်းမြတ်ခွန်း ခန္ဓာကိုယ်ဟာ အသက်ကြီးလာတာကြောင့် ဗလတွေကြွက်သားတွေမရှိတော့ပေမယ့် အရင်လိုပြည့်ပြည့်နဲ့ တင်းတင်းရင်းရင်းတော့ရှိနေသည်။

ပိုတင်းသည်က ဦးမင်းမြတ်သွန်း မမှိတ်မသုံစိုက်ကြည့်နေသော အရာပင်ဖြစ်သည်။ အသက်ကြီးပေမယ့် ဒီအဘိုးကြီး မယန်မလျော့သေးဘူးလားလို့ ဦးမင်းမြတ်သွန်းအတွေးဝင်နေတုံး သူ့လက်ကို စောင့်ဆွဲခံလိုက်ရသည်။

အားပါတဲ့အရှိန်ကြောင့် ကုတင်ပေါ်က နွေးထွေးတဲ့ ရင်ခွင်ထဲက လုံးလုံးဝင်ရောက်သွားရသည်။

"ကိုကိုနော် အရှက်မရှိဘူးလား....."

ဦးမင်းမြတ်ခွန်းသည် ဝလုံးလေးလာ မနိုးခင်ကတည်းကနိုးနေခြင်းဖြစ်သည်။စီးပွားရေးကြောင့်ကော ကလေးတွေအကြောင်းတွေကြောင့်ပါ လှုပ်ရှားနေရတာကြောင့် မိမိတို့ရဲ့ ကြည်နူးစရာအချ်န်ကလေးများသည် ပင်ပန်းမူ့များ နွမ်းနယ်မူ့များ အောက်တွင် လျော့ချလိုက်သည်ကများသည်။

ခွန်း❤လွန်း💛သွန်း💚(Completed)အနမ်းခြွေမယ်ကလေးS-2Where stories live. Discover now