😎 part 10 😎

1.4K 126 2
                                    

ကောင်လေးတစ်ယောက် ရှက်လွန်းလို့မျက်နှာလေး နီနေခဲ့ပြီ...
ရှင်သန်ကတော့ မျက်နာကိုလက်နဲ့အုပ်ထားလျက်.သူ့လက်က ဖုန်းဘူးမြှောက်ပြကာ...

"ငါ...ငါဖုန်းလာပေးတာ..."

ကောင်လေး...ပုန်းစရာနေရာရှာဖို့ အခန်းထဲ လှည့်ပတ်ကြည့်မလိုက်ပေမယ့်...နေရာမတွေ့...
ဒါကြောင့်..ခြေလှမ်းကိုနောက်ဆုတ်နောက်ဆုတ်လျောက်ကာ..ရေချိုးခန်းထဲပဲ စွတ်ကနဲပြေးဝင်လိုက်ရတယ်..ပြီးမှ...အပေါက်ဝကနေ..ခေါင်းလေး ပြူကြည့်ပြီး...

"ဟို...ဟိုလေ...ညဝတ်လေး...ယူပေးပါလား..ဘောင်းဘီပဲ..."

"ငါမျက်လုံးဖွင့်လို့ ရပြီလား..."

"ရပြီ..မြန်မြန်ယူပေးပါ..ဒီမှာ ချမ်းနေပြီ...ဗီဒိုထဲမှာ..."ဆိုမှ ရှင်သန်လဲ မဝံ့မရဲ လက်ဖယ်လိုက်ပြီးမှ...ဗီဒိုကို အမြန်လျောက်လို့ ညဝတ်ဘောင်းဘီရှည်လေး..အပေါက်ဝအမြန်သွားပေးလိုက်တယ်...

ကောင်လေးကဆက်ကနဲ လှမ်းယူပြီး ရေချိုးခန်းတံခါးကိုဝုန်းကနဲပိပ်သွားမှ...ရှင်သန် ရင်ဘက်ကို ပွတ်သပ်လို့ သက်ပြင်းအရှည်ကြီး ချလိုက်မိတယ်..."အဟိ..!!"ဆိုပြီး ကိုယ့်ဟာကို သဘောကျစွာဖြင့်လဲ..ရယ်လိုက်မိတယ်...

ကုတင်ပေါ်ထိုင်နေရင်း...ကောင်လေးပြန်အထွက်အလာကို စောင့်နေလိုက်တယ်လေ...ခဏကြာ​တော့ ကောင်လေး..အပေါ်ပိုင်းဗလာနဲ့ ပြန်ထွက်လာတယ်..ပြီးတော့ ခုံပေါ်တင်ထားတဲ့ သဘက်လေး လှမ်းယူပြီး သူ့ကို စူပုတ်ပုတ်ကြည့်လာတော့...ရှင်သန် ကျုံ့ကျုံ့လေး ထိုင်လို့ ခေါင်းကုတ်ကာ အဟီးကနဲ ရယ်ပြလိုက်တယ်...

ကောင်လေး ကသဘက်သုတ်နေရင်း သူ့ အနား ထင်ထိုင်လိုက်တော့..ခန္ဓာကိုယ်လေးကို ရှက်ကိုးရှင်ကန်း ရို့ရို့လေးဖယ်လိုက်မိသေးတယ်...

"ဘယ်လို ဖြစ်လို့ အခန်းထဲရောက်နေတာလဲ CEOရာ...."

ရှင်သန် ခေါင်းလေးသာကုတ်ပြီး...

"ပြောပြီးပြီကော..ဖုန်းလာပေးတာပါဆို...ဒီမှာ...ရော့..မင်းအတွက်..."

ကောင်လေးက ရှင်သန်ထိုးပေးတဲ့ ဖုန်းဘူးလေးကို ယူကြည့်လိုက်တော့..
I phone 11 pro ကြီး...ကောင်လေး မျက်လုံးပြူးသွားတယ်...ဒီလောက်ဈေးကြီးတဲ့ ဖုန်းကို ဟိုက သူ့အတွက်တဲ့ပေးနေတယ်လေ...ဒါနဲ့ ဘူးလေး ပြန်ထိုးပေးရင်း..

Lover Of A Rich Man [ Complete] Where stories live. Discover now