ရှင်သန် အိပ်ယာထက်မှာ လူးလိမ့်နေမိတယ်...
အကြိမ်ကြိမ် အိပ်ဖို့ကြိုးစား လည်း အိပ်လို့မရ...
ခေါင်းထဲမှာ အတွေးတစ်ခုက ကြီး စိုးနေတယ်လေ...(ကောင်လေးနဲ့ ဟိုကောင်က ဘာတွေလဲ...ဟိုကောင်က ကောင်လေး ကို ကပ်နေတာသေချာတယ်...ဒါမယ့် ကောင်လေးက မငြင်းဘူး ဆိုတော့..ဘရန်ိီပြောသလိုပဲ ချစ်သူတွေဖြစ်နေပြီလား...)
ရှင်သန် အိပ်ယာထက် ငုတ်တုတ် ထထိုင်သွားပြန်တယ်....
(ဟုတ်လောက်ပါဘူး...ကောင်လေး ကိစ္စဆို..ငါသိနေကးရမှာပေါ့..ကောင်လေးနဲ့ အနီး ဆုံး ရှိနေတာပဲဟာ...ကျစ်စ်...ဒါမယ့် ကောင်လေးနဲ့ ငါက... ဟာ..ဟုတ်သေးပါဘူး...ဟူး...ငါသွားမေးရမယ်..ဟုတ်တယ်..ငါမေးမှ သိမယ့် ဟာကို မေးက်ု မေးရမယ်...)
ရှင်သန်..အိပ်ယာထက် ကနေ ထလိုက်တယ်....ခြေလှမ်း နှစ်လမ်းလောက် သွားပြီးမှ ရပ်သွားပြန်တယ်...
(မဖြစ်သေးပါဘူး...မေးမှာတော့ ဟုတ်ပါပြီ..ဘယ်က စပြောရမှာလဲ..မတော်စကားမှားလို့ ကလေး..စိတ်ဆိုးသွားရင် ဒုက္ခ..
ကောင်လေး က ခံစားချက် မျက်နှာမှာ ပေါ်တတ်တာမဟုတ်ဘူး...)ရှင်သန် ခေါင်းကို တစ်ဗြင်းဗြင်း ကုတ်ရင်း ကုတင်ပေါ်ပြန်ထိုင်သွားပြန်တယ်..ပြိးတော့ ခေါင်းဦးလေး ဆွဲယူ ပိုက်လိုက်ပြီး အရုပ်ကြိုးပျက် ကုတင်ပေါ်လှဲ ချလိုက်ပြန်တယ်...
သိူ့ပေမယ့် အိပ်မရ...အတွေးထဲ ဝင်ဝင်လာတဲ့ မေးခွန်းတွေက တစ်နေရာထဲမှာ မုန့်လုံး စက္ကူ ကပ်နေတယ်လေ...သိလည်း သိချင်တယ်..မေးလည်း မမေးရဲ..ဘဝက ဆိုးလှပါတယ်..အိပ်ယာထက် လူးလှိမ့်နေပြန်တယ်လေ..မနက်က shooting နဲ့ ဘရနီရဲ့ စကားတွေက သူ့ကို ခံရခက်စေတာအမှန်..
စိတ်ထဲမှာ အစာမကျေ...ဘာလုပ်လို့ ဘာကိုင်ရမယ့်မသိ..ခံရခက်ခက်ရယ်...ရှင်သန် ဒုတိယအကြိမ်မြောက်ကုတင်ပေါ်က ထထိုင်လိုက်မိပြန်တယ်..
ပြီးတော့ စူးပုတ်ပုတ်နဲ့ ကောင်လေး အခန်းရှိတဲ့ နံရံဘက်ကို လှည့်ကြည့်လိုက်တယ်လေ...ပြီးမှ ခပ်ဖြည်းဖြည်းလေး ထကာဖြင့် နံရံနကပ်သွားပြီး..နားနဲ့ကပ်နားထောင်ကြည့်တယ်...အသံတစ်ခုခုကြားနေရသလိုပဲလေ..ဒါပမယ့် မသဲကွဲ...
YOU ARE READING
Lover Of A Rich Man [ Complete]
Romanceအသက် နှစ်ဆယ်ရောက်မှပဲ ကျွန်တော်...သူဌေးတစ်ယောက်ရဲ့ မွေးစားခြင်းကို ခံခဲ့ရတယ်... ခက်တာက... အဲ့ဒီ ဖေဖေဆိုတာတာ အသက် ၂၆ နှစ်သာ ရှိသေးတဲ့ သူဌေးလေးတစ်ယောက်ဖြစ်နေခဲ့တာပါပဲ အသကျ နှစ်ဆယ်ရောက်မှပဲ ကျွန်တော်...သူဌေးတစ်ယောက်ရဲ့ မွေးစားခြင်းကို ခံခဲ့ရတယ်... ခက္...