😎part 12😎

1.1K 122 2
                                    

ရှင်သန် ခြေလှမ်း ကျဲ ကြီးများနဲ့ အစည်းအဝေးခန်းထဲပြေးဝင်လိုက်ပါတော့တယ်...
အခန်းထဲမှာ series အတွက် တာဝန်ရှိသူ အားလုံးစုံနေခဲ့ပြီ...
ကောင်လေးက သူပါလိုက်မယ် ပြောပေမယ့်...ရှင်သန် ကောင်လေးကို စိတ်မကောင်း မဖြစ်စေချင် ဒါကြောင့် မပူပါနဲ့ သူအားလုံးရှင်းခဲ့မယ်..ဆိုပြီး..
jym မှာ ပဲ ထားခဲ့ရတယ်...

အမှန်ဆို ရှင်သန် စိတ်ပူပါတယ်...
မနေ့ကမှ နမည်လေး တတ်က စရှိသေးတယ်..
အခု ပြသနာကစပြီး...ကောင်လေးရဲ့ Bio တွေ..လိုင်းပေါ်ပြန်သွားတယ်..cele သတင်း pgတွေကလဲ အလုအယက်တင်နေကြတယ်လေ...
တစ်ချို့ caption တွေ အရမ်းဆိုးဝါးလွန်းလှပါတယ်...

"မိဘမဲ့ ငမွဲတစ်ယောက်က st (entertainment. Co)ရဲ့ စင်တင်မင်းသားဖြစ်သင့်သလား "တဲ့လေ..ကောင်လေးရဲ့ styles. Photo တွေနဲ့ အပြိုင်အဆိုင် တင်နေခဲ့ကြတယ်...
ရှင်သန် ဒေါသထွက်လို့မဆုံး...ဒါဟာ အတွင်းရေးချိုးဖောက်မှုပဲ ပြီးတော့တစ်ဖက်သားကို မစာမနာ စကားလုံးတွေက ရင့်သီးလှတယ်လေ..
ကောင်လေးဆို အဲ့ဒီသတင်းတွေတွေ့ ပြီး...မျက်ရည်လေးတောင်ဝဲတယ်..

ရှင်သန် အခန်းထဲရောက်တာနဲ့ မထိုင်အား..အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး...

"ကဲ.. ဘယ်လို လုပ်ကြရင်ကောင်းမလဲ ကျွန်တော့ကို အကြံပေးကြပါဦး.."

အားလုံးရဲ့ ခေါင်းတွေ ငုံ့နေကြတယ်..ဒါရိုက်တာ ဦးသီ..မိတ်ကပ် မာမီလှိုင်...ဂီတ အန်တီဆွေ...styles. မမထား တို့ အာလုံး အားလုံးပါပဲ အကြိတ်အနယ်တွေးနေရတယ်...အဖြေက မထွက်သေးတော့...အသံတွေလည်း ထွက်မလာသေး...

ခဏကြာမှ အန်တီဆွေ..တစ်ယောက်..အသံစထွက်လာတယ်...
"သား...အန်တီတို့ ခဏစောင့် ကြည့်ရင်ကောင်းမလား...အခြေအနေက အဆိုးဖက်ဦး တည်နေပေမယ့်...ကောင်လေးရဲ့ Fanတွေ ရှိသေးတယ်လေ...နော်..."ဆိုတော့ အားလံက ခေါင်းငြိပ်ပြကြတယ်..

မာမီလှိုင်က ဒေါသထွက်နေသော မျက်နှာပေးနဲ့ မျက်လုံးမှေးကာ...

"ဟွန့် ဒီကိစ္စက ဘယ်ကပေါက်ကြားတာလဲ မာမီတို့ သေချာ လေ့လာရမယ်...ဒါဟာ တစ်မင်တိုက်ခိုက်မှုလို့ပဲ မာမီထင်တယ်..."

ရှင်သန် သက်ပြင်းကို အရှည်ကြီး ချမိတယ်..ဒါဟာ ဘယ်သူ့တိုက်ပွဲလဲ..သူ့အတွက်လား..ကောင်လေးအတွက်လား..တိုက်ခိုက်သူက ဘာကို လိုချင်လို့ ဒီလို လုပ်တာလဲ...စဉ်းစားမရ...

Lover Of A Rich Man [ Complete] Where stories live. Discover now