Remember Me ✨

3K 400 17
                                    

Unicode :

သတိရနေပေးပါ ( Kookmin One Shot )

" Hyung.... မောင်ပြန်ရောက်ပြီ "

အိမ်ထဲကိုဝင်လာရင်း ချစ်ရတဲ့ ခင်ပွန်းသည်အားနှုတ်ဆက်လိုက်သော်လည်း ပြန်လည်တုံ့ပြန်သံတစ်စွန်းတစ်စမျှမကြားလိုက်ရချေ။

" ဘာလဲ.....မောင် နှစ်ညလောက်ပြန်မအိပ်လို့စိတ်ကောက်တာလား။ mian...မောင်အရမ်းအလုပ်ရှုပ်နေတာနဲ့"

တစ်အိမ်လုံးဘယ်သူမှမရှိဘူးလို့ ထင်ရလောက်အောင်ကို တိတ်ဆိတ်မှုကအလွန်ပင်ကြီးစိုးနေတာကြောင့် ဂျောင်ဂုတစ်ယောက်စိတ်ပူမှုနှုန်းတွေ မြင့်တက်လာရသည်။

" Hyung ! ဘယ်မှာလဲ....."

တစ်ယောက်ထဲ အရူးတစ်ယောက်လိုတစ်အိမ်လုံးကို ပတ်ပြေးရှာနေသောငြားလည်း hyung ဆိုသော နာမ်စားလေးရဲ့ ပိုင်ရှင်ကတော့ ပျောက်ရှနေဆဲပင်။

" Hyung......"

ခုထိရှာနေမိသူအားမတွေ့ရသေးသော ဂျောင်ဂုတစ်ယောက် လက်တွေတုန်လာရသည်အထိ စိတ်တွေပူပင်လာရသည်။ ဘယ်မှာလဲ hyung....

" Nae.....ဒီနေ့ နေ့တစ်ဝက်ခွင့်ယူမလို့။ အင်း ဟုတ်တယ်။ ရပါတယ် ဒါပဲနော် "

ခဏနေတော့ စတိုခန်းထဲကနေ ဖုန်းလေးကို ပခုံးကြားညှပ်ရင်း ထွက်လာတဲ့ hyung ဆိုသူလေးကို သူတွေ့လိုက်ရလေသည်။ ဟူးး အခုမှပဲ သက်ပြင်းချနိုင်တော့တယ်။

" Hyung ကွာ။ မောင် ခေါ်နေတာကို "

ဧည့်ခန်းဘက်ကိုတဖြည်းဖြည်းလျှောက်လာတဲ့ hyung ဘေးနားကို ကပ်လိုက်ရင်း နှုတ်ခမ်းဆူပြီး ပြောမိပေမယ့် hyung ကတော့ လှည့်တောင်မကြည့်ပေ။

" Hyung...မောင့်ကို စိတ်ကောက်နေတာလားဟင်"

ထပ်ပြီး မေးမိတော့လည်း hyung က လျစ်လျူရှုထားဆဲ ဘာလို့များလဲကွာ။

" Hyung...မောင် တကယ် မအားလို့ပါကွာ။ ဖုန်းလည်းကြိုဆက်ထားတာပဲဟာ "

Hyung က လှေကားကနေ အပေါ်ထပ်ကို တက်သွားတော့ hyung အနောက်ကနေပဲလိုက်မေးနေရပြန်သည်။ သို့ပေမယ့်လည်း hyung ကတော့ သူ့ကို ရှိတယ်လို့တောင် ထင်သည်မဟုတ်။

" Hyung....ဘာဖြစ်နေတာလဲကွာ "

လှေကားတက်လာတဲ့တစ်လျှောက်လုံး သူကသာ hyung နောက်ကနေ လိုက်ခေါ်နေသော်ငြားလည်း hyung ဆိုသူကတော့ သူ့အာရုံနဲ့သူသာ။

» Short Stories in my Mind « || KM ||حيث تعيش القصص. اكتشف الآن