မြတ်နိုးရပါသော(အပိုင်း-၁၀)

1.1K 64 0
                                    

ခြောက်လ……။
သူမ ဒီနေရာကိုရောက်နေခဲ့သည်မှာ ခြောက်လပင်ရှိခဲ့ပြီ။
စိတ်နှင့် လူနှင့်ကပ်ဖို့ကဝေးစွ။
ခံစားချက်ပင် မဲ့လာသလို။
နေ့စဉ်လုပ်နေကြဖြစ်သော စားခြင်း၊ အိပ်ခြင်းတို့ကိုပင် အနိုင်နိုင်။
အတင်းကျွေးမှ တစ်ဇွန်း၊ နှစ်ဇွန်းစာဝင်သည်။
တက္ကသိုလ်များ စတင်ဖွင့်လှစ်သည့်အချိန် ဒီဇင်ဘာလကတည်းက ဒီနေရာကိုရောက်နေခဲ့ခြင်း။
တခြားသူများပျော်ရွှင်စွာဖြင့် တက္ကသိုလ်ဟူသော ကျောင်းတော်ကြီးကိုတက်နေချိန်ပေါ့။

နေ့ဘက်ဆိုလျှင် စိတ်အခြေအနေကောင်းရန်
ဆရာဝန်များမှစစ်ဆေးကုသပေးခြင်းကို ခံယူရသည်။
တစ်ခါတစ်ရံ ဟောခန်းကြီးတစ်ခုထဲတွင် ကစားနေတတ်ကြသောလူများ။
ထိုလူများထဲတွင်လဲ သူမမပါဝင်ပါ။
သူမ၏ အလုပ်သည် နေ့ဘက်ဆိုလျှင် ကုတင်ပေါ်ထိုင်ပြီး တစ်နေရာရာကို စိုက်ကြည့်နေမည်။
ညဘက်ဆိုလျှင်လဲ သံတိုင်များစိုက်ထူထားသော အခန်းတစ်ခုတွင်း လူနာများအားလုံး စုရုံးနေတတ်ပြီး စကားများပြောသည့်အထဲလဲဝင်မပြောတတ်ပါ။
ခံစားမှုမရှိသောမျက်ဝန်းများဖြင့် တစ်ခုခုကိုတွေးနေတတ်သောပုံစံသည်
ဒီခြောက်လတာအတွင်း သူမပြုလုပ်နေသည်များသာ။

………

"ကို ဒီနေ့ခက်ဆီသွားမှာမလား" အလုပ်ပိတ်ရက်ဖြစ်သော စနေနေ့တိုင်း ဦးလရောင်ရှိန်သည် ခက်အားသွားကြည့်လေ့ရှိပါသည်။
"အင်း"
"မေရောလိုက်ခဲ့ပေးရမလား သူလဲအဖော်ရတာပေါ့"
"မလိုဘူး!"
ရုတ်တရက်ထအော်လိုက်ခြင်း။
"သူ့ကို အထီးကျန်တဲ့အရသာကို ခံစားခိုင်းစေချင်လို့အဲ့ထဲမှာထည့်ထားတာ။
ဘယ်သူမှလာကြည့်စရာမလိုဘူး" ထပ်ဆင့်ပြောလိုက်သောစကားကြောင့်
"ကိုက သူ့ကို ကို့လိုဖြစ်စေချင်နေတာလား" ဒေါ်မေသက်ခိုင်မှ ဂရုဏာသက်စွာပြောလိုက်ခြင်း။
တကယ်ဆိုလျှင် ကလေးများသည် အပြစ်ကင်းသည်မဟုတ်ပါလား။
"ဖြစ်စေချင်တာ မဟုတ်ဘူး ဖြစ်ကိုဖြစ်လာမှာ"
"ကို လူကြီးတွေ ကိစ္စက ကလေးတွေနဲ့မှ မဆိုင်တာ သူအဲ့လောက်ဖြစ်နေပြီပဲ ကိုကျေနပ်တော့ပေါ့" အသံချိုချိုလေးနှင့် ပြောလိုက်ခြင်း။
"မင်းနဲ့မဆိုင်ဘူး!"
ဒါပါပဲ။ သူမအနေဖြင့် ဦးလရောင်ကိုပြောင်းလဲစေချင်သည်။
အရင်ကလို အပြုံးချိုချိုကလေးများကိုလဲ ပြန်မြင်ချင်သည်။
ဟန်ဆောင်မှုမပါတဲ့ အပြုံးလေးတွေပေါ့……။
သူမအနေဖြင့် ဖျောင်းဖျလိုက်တိုင်း ပြန်ရလိုက်သည်က အမုန်းများပင်။
ထို့ကြောင့်လဲ ဘာမှမပြောချင်တော့ပါ။
ချစ်ရသူစိတ်ချမ်းသာရင် သူမလဲပျော်သည်။
ထို့ကြောင့် မကောင်းသောအရာများလုပ်နေလျှင်လဲ သူမသည်းခံသည်။ ဖျောင်းဖျသည်။ ဖျောင်းဖျမရလျှင် ချစ်ရသူစိတ်ချမ်းသာအောင် လွှတ်ထားပေးသည်။
ဒါကသူမခံယူထားသော အချစ်သီအိုရီ။

မြတ်နိုးရပါသော(Z+U)(completed)Where stories live. Discover now