အပိုင်း (၃)

190 32 1
                                    


မင်းတို့ကလေ့ကျင့်ရေးအသင်းရဲ့အမိန့်တိုင်းကိုတင်းတင်းကြပ်ကြပ်လိုက်နာရမယ်။

"မင်းရဲ့ကျောင်းသားမှတ်ပုံတင်နံပတ်နဲ့နာမည်ကိုပြောစမ်း!""ID 0744, Praepailin ပါ..."


ရုတ်တရက်အလန့်တကြားဖြစ်သွားပြီးနောက်ယခုတော့သူမသည်ကြောက်ကာတုန်နေတော့သည်။မေးခွန်းကိုဖြေသည့်အချိန်တွင်အသံမတုန်နေအောင်သူမသည်ကိုယ့်ကိုယ်ကိုယ်ကြိုးစားထိန်းချုပ်နေရ၏။သူမ၏မျက်လုံးပြူးပြူးဝိုင်းဝိုင်းလေးမှမျက်ရည်တို့ဖြင့်တောက်ပနေပြီးချစ်ဖို့ကောင်းတာကိုမြင်ပြီးချိန်မှာယောကျာ်းလေးဘယ်နှစ်ယောက်လောက်ကများသူမကိုချော့မော့ချင်နေလောက်မလဲ။Arthit ကဲ့သို့စိတ်နူးညံ့သည့်သူသည်ထိုမြင်ကွင်းကိုမမြင်နိုင်တော့စွာဖြင့်ယခုအချိန်တွင်မိန်းမလှလေးကိုခပ်ပျော့ပျော့သာပြောဆိုဆက်ဆံချင်နေတော့သည်။သူ့အသံကိုအနည်းငယ်လျှော့လိုက်သော်လည်းလေ့ကျင့်ရေးခေါင်းဆောင်ဆိုတဲ့နေရာနဲ့လိုက်အောင်ခက်ထန်ထည်ဝါသည့်အသွင်အပြင်ကိုတော့သူထိန်းထားဆဲဖြစ်သည်။သူ့နေရာအနေနဲ့အခုလိုလုပ်တာကသူလုပ်နိုင်တာအဆုံးစွန်ပင်ဖြစ်သည်။


"ဒီတော့ငါမင်းကိုဘာကူညီရမလဲ?"


"ဟို... P' ကကျွန်မရဲ့စာအုပ်ထဲမှာလက်မှတ်ထိုးပေးနိုင်မလားလို့ပါ..."


သူမ၏ဖွင့်ထားပြီးသားစာအုပ်လေးကိုတစ်ခါတည်း Arthit ရှေ့သို့ထိုးပေးလေသည်။တစ်ချက်ကြည့်ရုံဖြင့်စီနီယာကျောင်းသားများကသူတို့၏ကျောင်းသားမှတ်ပုံတင်အမှတ်များနှင့်အတူလက်မှတ်များပါထိုးပေးထားသည်ကိုမြင်နိုင်လေ၏။ဤသည်ကတတိယနှစ်လေ့ကျင့်ရေးအသင်းကပေးထားသောမြောက်မြားလှသည့်တာဝန်များအနက်တစ်ခုဖြစ်သည့်မေဂျာဌာနရှိစီနီယာများ၏လက်မှတ်တစ်ထောင်ကိုလိုက်စုရမည့်တာဝန်ဖြစ်သည်။


စက်မှုအင်ဂျင်နီယာဌာန၏တတိယနှစ်ကျောင်းသားဖြစ်သည်မို့Arthit ကိုယ်တိုင်လည်းပြေးမလွတ်ကာသူ့လက်မှတ်ရရန်အတွက်ပထမနှစ်များသည်ချဉ်းကပ်နိုင်ပေသည်။သူတို့အတွက်လေ့ကျင့်ရေးမှူးခေါင်းဆောင်၏လက်မှတ်သည်သူတို့ကိုဂုဏ်ရစေမည့်အရာဖြစ်သည်။အထူးသဖြင့်ယနေ့တွင်သူ့ရဲ့လေ့ကျင့်ရေးမှူးယူနီဖောင်းကိုဝတ်ကာကျောင်းကန်တင်းတွင်ခြေတစ်လှမ်းချလိုက်ကတည်းကပထမနှစ်များ၏အာရုံအားလုံးသည်သူ့ထံသို့ရောက်နေခဲ့ပြီ။သို့သော်လည်းမည်သူတစ်ယောက်မျှသူတို့၏အသက်ကိုစတေးပြီးလေ့ကျင့်ရေးမှူးခေါင်းဆောင်၏လက်မှတ်ကိုမယူကြရဲပေ။အဘယ်ကြောင့်ဆိုသော်သူ့ရဲ့သားရဲတစ်အုပ်ဟုပြော၍ရသည့်အခြားသောလေ့ကျင့်ရေးမှူးများဖြင့်သူသည်ရောက်နေခြင်းကြောင့်ပေ။

Sotus Myanmar Translation (Unicode Version)Where stories live. Discover now