Final {Wedding day💫}

5.2K 389 16
                                    

Unicode;

မနက်ခင်း နေရောင်ဖျော့ဖျော့လေးက
မှန်တံခါးမှတဆင့် လိုက်ကာလေးကို
ထိုးဖောက်ကာ အိပ်ပျော်နေသော လူသားလေး၂ယောက်ရဲ့ မျက်နှာထက်
ကျရောက်လာခဲ့တယ်။

စူးရှရှနေရောင်ကြောင့် Jiminတစ်ယောက် အိပ်ရာမှနိုးလာတော့ သူသတိထားမိသွားသည်မှာ
လူတစ်ယောက်ရဲ့ရင်ခွင်ထဲမှာ။

သူ့ဆံပင်ကိုလာရောက်ထိခတ်နေသော လေ၀င်လေထွက်လေး။

မျက်နှာကိုအသာလေးမော့ကြည့်တော့
သူအရမ်းချစ်ရတဲ့ Jungkookရဲ့မျက်နှာချောချောလေး
ကနေရောင်လေးကျရောက်နေပြီး ချောမောစွာရှိနေတယ်။

နှစ်တွေအများကြီးဝေးကွာခဲ့ရတဲ့ သူ့ချစ်ရသူရဲ့
မျက်နှာလေးကို ထိကြည့်နေမိတယ်။
အပြစ်ပြောစရာမရှိအောင်ချောမောလွန်းတယ်။

လက်နဲ့ထိတွေ့ခံနေရတာမို့ ယားလို့ထင်တယ်Jungkookလှုပ်စိလှုပ်စိဖြစ်
လာတယ်။

"Jungkook နိုးပြီလား

"ဟင်.....မနိုးသေးဘူး

"ဟာ ထတော့လေ

"မထချင်သေးဘူး ဒီကအချစ်ကလေးနဲ့ဖက်အိပ်ချင်သေးတယ်"ဆိုပြီး
Jiminကို ပိုတင်းကျပ်စွာဖက်လိုက်ပြီး ပြန်အိပ်နေတယ်။

အောက်ကအသေးလေးကတော့ အသက်ရှုကျပ်လာတာကြောင့် ရင်ဘတ်ကိုလက်နဲ့ထုပြီးထဖို့ပြောနေသောလဲ ဟိုဘက်ကတုတ်"မှမလှုပ်

"jungkook ထတော့အသက်ရှုကျပ်လာပြီ ငါသေသွားရင်ဘယ်လိုလုပ်မလဲ

ထိုစကားကြားမှအသည်းအသန်

"ဘာကိုသေမှာလဲ မသေရပါဘူး
ကိုယ့်အနားမှာပဲတစ်သက်လုံးနေသွားရမှာ
နောက်တစ်ခါအဲ့လိုမပြောရဘူးနော် ကိုယ်မကြိုက်ဘူးJimin shiii

"ဟုတ်ပါပြီ စတာပါ ဒီကJiminကJungkookဆိုတဲ့ကောင်လေးနားပဲ
တစ်သက်လုံးနေသွားပါ့မယ်

"ဒါဆိုအာဘွားပေး

ပါးကြီးကိုဖောင်းပြကာ သူ့ကိုအာဘွားပေးဖို့ပြောနေတဲ့Jungkookမှာ လက်ရှိပုံစံနဲ့မှမလိုက် ။ ဆံပင်ကနားရွက်ဖုံးတဲ့အထိရှည်နေပြီးနည်းနည်းလဲ
ကောက်နေသေးသည်။ ရင်အုပ်ကျယ်ကြီးများဖြင့်
ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ပုံစံကြီးဖြစ်သည်။

MINE {COMPLETED}Where stories live. Discover now