ဥက္ကဌ၏ချစ်သူကောင်လေး

15.7K 2.4K 43
                                    

{Unicode}

      《အိမ်သို့ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရ》

စုပေစားပွဲပေါ်မှာတင်ထားတဲ့ ပိုက်ဆံအချို့ကိုကောက်ယူပြီး သူ့အိတ်ကပ်ထဲထည့်သိမ်းလိုက်တယ်။

"ဆားတစ်မျိုးတည်းပဲ မှာတာမလားကောင်းပြီခဏလောက်ပဲစောင့်"

သူဖုန်းရှင်းလန်ရဲ့ကားတစ်စီးကိုယူမောင်းလိုက်တယ်.....တကယ်ဆိုဖုန်းရှင်းလန်ကသူ့ကို ကားတွေအများကြီးပေးထားတယ် ကြိုက်တဲ့ကားယူစီးလိုက်ဆိုတဲ့သဘောမျိုးပေါ့ .......ဘာလို့သူ့ကိုဒီလောက်ထိပေးထားတာလဲလို့မေးချင်လား....သေချာတာကတော့သူဒီအိမ်မှာအကြာကြီးနေမယ်ဆိုပြီး ဖုန်းရှင်းလန်ကိုပြောပြလိုက်လို့ ဖြစ်နိုင်ပါတယ်။

သူအိမ်နဲ့အနီးဆုံး Supermarket ကိုသာသွားပြီးစျေးဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဆားလေးတစ်ထုပ်ဝယ်ဖို့ကိုပဲ ဘာကိစ္စအိမ်နဲ့ဝေးတဲ့နေရာတွေသွားနေရမှာလဲ နီးနီးနားနားဆိုတော်ရောပေါ့........သူ Supermarket ရောက်တဲ့အခါမှာဘာဆားအမျိုးအစားကိုဝယ်ရမလဲဆိုတာ စဉ်းစားရခက်သွားတယ် ချင်းကွမ်းရှောင်ကဘယ်အမျိုးအစားကိုလိုချင်မှန်း သူမသိဘူး........သူ သူမကိုဖုန်းခေါ်ပြီးလည်း လှမ်းမမေးချင်ဘူး။ဆိုတော့ သူမတူညီတဲ့ဆားအမျိုးအစားအကုန်ရွေးဝယ်လိုက်တယ်။

သူဆားထုပ်တွေကိုငွေရှင်းဖို့ ငွေရှင်းကောင်တာပေါ်တင်လိုက်စဉ်မှာပဲ ငွေရှင်းကောင်တာခုံပေါ်က lollipop ဘူးကြီးတစ်ဘူးကသူ့အမြင်အာရုံကိုဖမ်းစားသွားတယ်။ရုတ်တရက်ပဲအကြံဉာဏ်ကောင်းတစ်ခု သူ့ဦး​​နှောက်ထဲမှာပေါ်လာတယ်။

မိနစ်အနည်းငယ်လောက်ကြာတဲ့အခါမှာ စုပေတစ်ယောက်Lollipopတစ်ခုကို ပါးစပ်ထဲမှာစုပ်နေရင်း Supermarket ကနေဟန်ပါပါထွက်လာတယ်။ အခုသူ့ဆီမှာLollipopရှိပြီဖြစ်တဲ့အတွက်‌သူဆေးလိပ်သောက်ချင်တော့မှာ မဟုတ်ဘူး သူဆေးလိပ်ဖြတ်နိုင်တော့မှာသေချာတယ်။

သူဝယ်လာတဲ့ဆားထုပ်တွေကို ကားထဲပစ်ထည့်လိုက်အချိန် အလွန့်အလွန်ရင်းနှီးကျွမ်းဝင်မှုရှိတဲ့လေသံတစ်ခုက သူ့ကိုစကားလှမ်းပြောလိုက်တာ ကိုကြားလိုက်တယ်။

ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ![MM translation]Where stories live. Discover now